Part-1

127 14 4
                                    

အပိုင်း၁ အခန်းဝ မဟာအချစ်​တံတိုင်း၏ အခြားဘက်​၌
=============================================

သည်အဖြစ်​အပျက်၏အစကတော့ သူ့၏တစ်ဥိးတည်းသောတူ သိုမဟုတ် မွေးစားသားလိုလည်း ပြော၍ရသည့် Youngjae မှစ၍ အစပြုခဲ့ခြင်းဖြစ်သည်

Youngjae သည်ဟောဒီကမ္ဘာတခုလုံးမှာ သူ့၏တဦးတည်းသောသွေးသားရင်းချာဖြစ်သည် သို့အတွက် Youngjae အပေါ်ထားသည့် သူ၏မေတ္တာ နဲ့သံယောဇဉ်က ပြောစရာမလိုအောင်ခိုင်မြဲပီးသား

Youngjae ကသူ၏မျက်ရှု Youngjae က သူ၏ကမ္ဘာ တနည်းအားဖြင့်ဆိုရလျှင် Youngjae ကို သူ့ကိုယ်ပွား တစ်ယောက်ဟုပင်ယူဆလက်ခံထားသည်

ထို့အတူYoungjae ကလည်း သူ့ကိုချစ်ခင်လေးစားသူ သူ့ကိုကြည့်ငြိုသူ Youngjae အတွက် သူဟာဦးလေးလည်းဟုတ်သလို ဖခင်မဲ့Youngjae က သူ့ကို ဖခင်သဖွယ် တွယ်တာသံယောဇဉ်ရှိသူပါ

တကယ်တမ်းမှာ Youngjae က မိဘမဲ့ကလေးတစ်ယောက်ဖြစ်၏ Youngjae ၏ဖခင်က သူ၏အကိုအကြီးဆုံးဖြစ်သည် သို့သော် JY Park သည် Youngjae ဆယ်နှစ်သားကပင်ဆုံးပါးသွားခဲ့လေသည် Youngjae ၏ မိခင်မှာ Youngjae ငါးနှစ်သားလောက်ကပင် စွန့်ခွာသွားသည်

ယခုတော့လည်း ထိုမိခင်ပင်သည် လောကကြီးမှာမရှိတော့

မှန်တာဝန်ခံရရင် Youngjae နှင့်သူက ဘဝတူမိဘမဲ့တွေဖြစ်၏ ....

တကယ်တော့ Youngjae ဟာကံကောင်းသည့်ကလေးတယောက်ပါ အကြောင်းကတော့ဘသူဖြတ်သန်းလာခဲ့ရတဲ့ဘဝနဲ့တခြားစီ

သူတုန်းကတော့ ဘဝခရီးလမ်းချောမွှေ့ဖို့ ဆူးအထပ်ထပ်ခင်းထားသည့် လမ်းကြမ်းများကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ခဲ့ရသည်ပဲ ....

ထိုကျေးဇူးကြောင့် ယနေ့အချိနိမှာတော့ သူဟာအောင်မြင်ချမ်းသာသောကုမ္ပဏီပိုင်ရှင် Mr .Jaebum အဖြစ် စီးပွားရေးလောကတွင် ခိုင်မာစွာနေရာရပ်တည်နိုင်ခဲ့ပြီ

အသက်၂၂အရွယ်မှာ Youngjae သည် တက္ကသိုလ်က ဘွဲ့တခုရခဲ့ပေမယ့် ယနေ့အချိန်ထိလုငယ်လေးတယောက်လိုနေတုန်း ဆိုင်ကယ်တစ်စီးဖြင့် သူငယ်ချင်းတွေနှင့်သွားလာလည်ပတ်ကာပျော်ကွှင်လို့ကောင်းတုန်း အလုပ်ဆိုတာကို Young တယောက် လုံးဝစိတ်မဝင်စားခဲ သို့အတွက်လည်း သူကလည်း အပြစ်မတင်ရက်ပါ
   
သူ့တုန်းကတော့ young အရွယ်လောက်မရောက်ခင်ကပင်ဘဝကိုကြမ်းတမ်းစွာဖြတ်သန်းခဲ့ရသူ
သြော်....သူ၏ကံဇာတာနှင့် young ၏ ကံဇာတာ အကျိုးပေးပုံခြင်ကွါ်ခြားတာကတော့အမှန်....

You've reached the end of published parts.

⏰ Last updated: Mar 12, 2017 ⏰

Add this story to your Library to get notified about new parts!

မဟာအချစ်​တံတိုင်း၏ အခြားဘက်​၌ Where stories live. Discover now