Lasts Forever

3.5K 247 23
                                    

Final part~

သူပြောခဲ့ဖူးတယ်....
ဘယ်အရာမှမတည်မြဲဘူးဆိုပေမယ့် ကို့အချစ်တွေက အဲ့နိယာမကိုမလိုက်နာဘူးလို့

သို့ပေမယ့်.....သို့ပေမယ့်လို့....
အဲ့လိုချစ်ခြင်းတွေက... ကျွန်တော့အတွက်မဟုတ်ခဲ့ဘူး

သူပြောခဲ့ဖူးတယ်....
ကိုတို့ဒီလိုပြန်တွေ့တာ မင်းလက်ကို မလွှတ်တမ်းဆုပ်ကိုင်နိုင်ဖို့ ဘုရားက နောက်ထပ်အခွင့်အရေးပေးတာလို့....

သို့ပေမယ့်.....သို့ပေမယ့်လို့....
သူအခွင့်အရေးကို လျစ်လျူ ရှု ခဲ့တယ်

သူပြောခဲ့ဖူးတယ်.....
အဖြေမထွက်တဲ့ပုစ္ဆာအမှား ကို အကြိမ်ကြိမ် ကြိုးစားပမ်းစားတွက်ခဲ့ဖူးတယ်လို့

တကယ်တမ်းတော့....သူ့ပေါ့ပါးစွာ ပါးစပ်က နောက်သလိုပြောင်သလိုပြောခဲ့တဲ့ ပုစ္ဆာ အမှားဆိုတာ ကျွန်တော်ကိုယ်တိုင်ဖြစ်နေခဲ့တယ်

ကျွန်တော့ချစ်သူက ချောလွန်းပြီး စကားပြောလည်းအရမ်းတတ်တယ်

ချစ်တယ် ဆိုတဲ့စကားကိုလည်းပေါပေါသီသီ သုံးနိုင်တယ်

သူ့ကို....မမုန်းနိုင်အောင် ချုပ်ကိုင်ထားတတ်တယ်...ဒါပေမယ့်...
နာကြည်းတတ်အောင်တော့သင်ပေးခဲ့တယ်

ရပါတယ်.....တသက်လုံးနာကြည်းပြီးနေမှာမို့လို့....မင်းသာ မင်းရဲ့သတို့သမီးလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေပါ

×××××××××××

ကျွန်တော် Coffee ခွက်လေးကိုဟန်ပါပါ ကိုင်လို့ ခါတိုင်းထက်အရသာလွန်ကဲစွာခါးနေတဲ့ coffee ကို တစ်ငုံသောက်လိုက်တယ်.....

ဒီ coffee ဆိုင်....အရာအားလုံး ဒီနေရာမှစခဲ့သလို....ဒီနေရာမှာအကုန်အဆုံးသတ်သွားတယ်

တစ်ချိန်က...အရမ်းနှစ်သက်ခဲ့တဲ့ ဒီဆိုင်လေး...အခုတော့ကျွန်တော့ အရမ်းကိုမုန်းတတ်ခဲ့ပြီ....

*Luhan သကြားယူမလား*

ဒီဆိုင်လေးမှာ waiter အချိန်ပိုင်းလုပ်နေတဲ့ Kai က ကျွန်တော့နားကိုလာလို့မေးတယ်

*ရတယ်*

တိုပြတ်ပြတ်ပြောလိုက်တဲ့ကျွန်တော့အသံကြောင့်မသင်္ကာသလိုတချက် ကြည့်ရင်း ကျွန်တော့ရှေ့ကိုခုံမှာနေရာယူလိုက်တယ်...

Lasts ForeverWhere stories live. Discover now