part 2

5.8K 499 14
                                    

"အား.. ကျွတ်.. ကျွတ်.. "

ကျွန်တော်နိုးလာတော့ သူက ပြတင်းပေါက်လိုက်ကာကိုဖွင့်ကာ နေရောင်ခြည်အရသာကိုခံစားနေလေသည်.. ။ ဒါပေမယ့် လှပသောနေရောင်ခြည်လေးက သူ့ဆေးလိပ်ငွေ့တွေကြောင့်မတောက်ပနိုင်တော့ ..။

"မင်းအတွက်လက်ဆောင်ရှိတယ် ဂျောင်ဆူး ! "

နီးစပ်ရာအင်္ကျီတစ်ထည်ကိုကောက်စွပ်ပြီး ဘောင်းဘီတိုတစ်ထည်ကိုအလျင်အမြန်ကာက်ဝတ်လိုက်သည်..။ ထို့နောက်သူပြောသောလက်ဆောင်ရှိရာဆီ ကျွန်တော်လျှောက်လာလိုက်သည်.. ။

စားပွဲခုံပေါ်တင်ထားသော လှပသေသပ်စွာထုပ်ပိုးထားသည့် သူ့လက်ဆောင်ဗူးလေးကို ကျွန်တော်အသာလှပ်ဖွင့်ကြည့်လိုက်သည်.. ။

"အား..!! "

ကျွန်တော်ကြောက်လန့်တကြားပဲ အမြန် လွှတ်ချလိုက်မိသည်.. ။ သူကျွန်တော့ကိုဘာကြီးလက်ဆောင်ပေးတာလဲ ..။
"ဂျုံ..အင်း.. ဘာ..ဘာကြီးလဲ .. "

သူ့မူပိုင်အပြုံးဖြစ်သည့် နှုတ်ခမ်းရွဲ့ခြင်းအလုပ်ကို ဆေးလိပ်ဖွာရင်းအလုပ်နှစ်ခုတပြိုင်တည်းလုပ်ပြနေသည်.. ။

"ဘာလို့လဲ ဂျောင်ဆူးရဲ့ ..
မင်းကိုယ်နဲ့နေလာတာပဲကြာနေပြီ ခုထိကြောက်နေတုန်းပဲလား ??
အစကတော့ တစ်ဖက်ပဲယူလာမို့ပဲ ဒါပေမယ့် မင်းကိုနာကျင်စေတာဘယ်လက်လဲသေချာမသိလို့ နှစ်ဖက်လုံးဖြတ်လိုက်ရတာ..."

ကျွန်တော့မနက်ခင်းသည် သူ၏ကျက်သရေမရှိသော လက်ပြတ်ကြီးကြောင့် အကျည်းတန်သွားချေပြီ..။

လက်မောင်းရင်းမှ ဖြတ်ယူလာသော ထိုလက်တွေသည်ဘယ်သူ့လက်လဲဆိုတာ ကျွန်တော်သိနေသည်.. ။ သူဘာကြောင့်သည်လောက်ကြောက်စရာကောင်းသော အလုပ်မျိုးကို မပြုံးမရယ်ပဲလုပ်နိုင်သည်လည်း။

"အဲ့လက်ကိုမင်းကြိုက်တာလုပ်လိုက် !! "

ကျစ် !! အဲ့လက်ကြီးကိုကျွန်တော်ကဘာလုပ်ရမှာလဲ !!!

ယခုတော့သူ့လက်ဆောင်ထုပ်ဆိုတာကြီးကို ကိုင်ဖို့မပြောနှင့် ကြည့်ဖို့တောင်မဝံ့ရဲတော့ .. ။ ကြာရင် ဂင်ဂျုံအင်းသတ်လို့မသေရပဲ နှလုံးရောဂါနှင့်သေရတော့မည်ထင်.. ။

Do I Kill For You ? ||Dika Completed ||Where stories live. Discover now