6:00 pm ~~
အချိန်က ညနေ 6နာရီ ဆိုပေမယ့်
မိုးကောင်းကင်ကတော့ ညရောက်သလို မှောင်နေသည်.
သူမ,နေတဲ့ဒီမြို့လေးက
အမြဲလိုလို တိမ်စိုင်တွေအုံ့မှိုင်းနေပြီး မိုးအုံ့နေကျ.
နေသာတယ်ဆိုတာ တစ်ခါတစ်လေ ရှားရှားပါးပါး.
ဒီလို ရာသီဥတု စိုထိုင်းနေသလိုကြီးကို သူမ,မုန်းသည်.
ဘယ်နေ့မှာများနေထွက်လာလိမ့်မလဲလို့ ကလေးတစ်ယောက်လို
စောင့်ဆိုင်းနေတတ်သည်.
နေသာတဲ့နေ့တွေမှာဆို သူမ ခါတိုင်းထက်ပိုပျော်ရွှင်နေတတ်ပြီး
ထိုနေ့ရက်တွေတိုင်း သူမအလုပ်လုပ်နေတဲ့
restaurant ကနေ
ညနေအလုပ်ချိန်စောဆင်းကာ မြို့ထဲမှာ
တစ်ယောက်ထဲ လျှောက်လည်နေတတ်သည်.
အလုပ်ပိတ်ရက်နဲ့တိုက်နေရင်တော့ သူမပိုပျော်တာပေါ့.😄ဒီမြို့လေးရဲ့ ရာသီဥတု အုံ့မှိုင်းနေတာကို မကြိုက်လို့
တခြားမြို့ကိုပြောင်းလို့လဲမရ.
အကြောင်းကတော့ သူမရဲ့ မိဘတွေနဲ့အတူနေလာတဲ့
ဒီအိမ်လေးကို သံယောဇဉ်ဖြစ်ကာ
သူမဘယ်လိုမှမခွဲနိုင် .
မိဘတွေဆုံးသွားပြီးနောက် သူမအထက်တန်းပြီးတော့
ကျောင်းဆက်မတက်ပဲ အလုပ်လုပ်ရင်း
ထိုမြို့မှာပဲဆက်နေခဲ့သည်.
သူမမှာပိုင်ဆိုင်တာဆိုလို့ တစ်ခုထဲသာရှိတဲ့
မိဘအမွေဖြစ်တဲ့ ဒီအိမ်ကနေ ဘယ်ကိုများထွက်သွားနိုင်မှာတဲ့လဲ.
ဒီတော့လဲ နေထိုင်ရတာ မကြိုက်ပေမယ့် ငယ်ငယ်ထဲကနေလာတာဆိုတော့လဲ
သူမ ကျင့်သားတော့ရနေပါပြီ .သူမ,က ဒီရာသီဥတုကို မုန်းပေမယ့်
တချို့သောသူတွေကတော့ သဘောကျကြမှာပေါ့လေ.
သူတို့တွေကတော့ Vampire လို့ခေါ်တဲ့
သွေးစုတ်ဖုတ်ကောင် မျိုးနွယ်တွေပေါ့.
လူအများစုက အဲ့ဒီ Vampire တွေကို
ဒဏ္ဋာရီတွေ ပုံပြင်တွေထဲမှာ ကျန်ရစ်ခဲ့တယ်လို့ထင်နေကြတယ်.
ဒါမယ့် သူမ,ကတော့ အဲ့လိုမထင်ဘူး.
သူတို့တွေ အခုချိန်ထိရှိနေကြတုန်းပဲ.
ခုတလော သတင်းစာထဲမှာပါတဲ့
ထူးဆန်းတဲ့ နှလုံးသွေးရပ်ပြီးသေဆုံးမှုတွေကလဲ
သူတို့လက်ချက်တွေပဲနေမှာ.
နောက်ပြီး ဒီမြို့ရဲ့ပုံစံနဲ့ ရာသီဥတုကတော့
သူတို့အတွက် နေလို့ထိုင်လို့ကောင်းကြမှာပေါ့ .
မြို့အစွန်မှာလဲ တောအုပ်ကြီးရှိတယ်လေ .
သူမ အဲ့ဒီတောအုပ်ကို ဘာကြောင့်မှန်းမသိ
အရမ်းကြောက်နေပြီး သွားလဲမသွားရဲ .
Aishh. . သူမ Vampire တွေကိုမုန်းတယ်.