Part-1

71 5 0
                                    

"ဟဲ့!!.မထ​သေးဘူးလား...​နေဖင်​ထိုး​နေပီ အိပ်​ပဲအိပ်​နိုင်​လွန်းတယ်​"

မနက်​မိုးလင်းတိုင်းကြားရတဲ့အသံ​လေးက ငှက်​က​လေး​များ၏​တေးဆိုသံထက်​သာယာနာ​ပျော်​ဖွယ်​​ကောင်းတယ်​ဆိုရင်​​ချောင်းရိုက်​ခံရမှာ​သေချာတယ်​😂
  ဒီအသံပိုင်​ရှင်​က​တော့ကျွန်​မ၏ချစ်​လှစွာ​သောသူငယ်​ချင်း​လေးSeyoungရဲ့အသံပါ ရုပ်​က​လေးက​​တော့အပြစ်​​ပြောစရာမရှိ​လောက်​​အောင်​​ချော​ပေမယ့်​ဆိုးတာကအဲ့အသံ တစ်​အိမ်​လုံးမှာသူအပြဲဆုံးပဲ အသံ​ပြောပါတယ်​😁😁

"ဟဲ့!! ထလို့​ပြော​နေတယ်​​လေ မကြားဘူးလား?မထရင်​ငါ့အဆိုးမဆိုနဲ့​နော်​"

သူ့များ..​ကြောက်​စရာလား ​မ​ကြောက်​​ပေါင်​ ..ဒါ​ပေမယ့်​သူ့အသံနဲ့ဆိုပြန်​အိပ်​လို့မရ​​တော့ပါဘူး....သူ့ကိုစချင်​တာနဲ့မသိချင်​​ယောင်​​ဆောင်​လိုက်​တယ်​...​ရေနဲ့​တော့မပက်​​လောက်​ပါဘူး....

အား!!!!!

အဲ့​တေနာမကြီးကထင်​ထားသလို​ရေနဲ့​တော့မပက်​ပါဘူး ဒါ​ပေမယ့်​ကုတင်​​ပေါ်က​နေကန်​ချတယ်​....ဗြဲ...ခါးရိုးကို​အောင့်​သွားတာပဲ.....အဲ့ကမကြီး​တွေ့မယ်​ 😠😠

"YOON SEYOUNG!!!!!!! ငါ့ကိုဘာလို့ကန်​ချတာလဲ အာ့!! နာလိုက်​တာ"

"နင်​အိပ်​​နေတာဘယ်​​လောက်​ကြာပြီလဲ အချိန်​ကိုလဲကြည့်​ဦး 9နာရီ​တောင်​ထိုး​တော့မယ်​ နင်​​အလုပ်​သွားရဦးမယ်​​လေ"

"ဟမ်​? Jinja!!!!"

နာရီကိုလှမ်းကြည့်​လိုက်​​တော့9နာရီ​ထိုးဖို့5မိနစ်​ပဲလို​တော့တယ်​ ဟိုက်​!!!! ​သေလိုက်​​တော့ပါ​တော့Choi Yo Sooရယ်​ ဒီ​နေ့ကအရမ်းအ​ရေးကြီးတဲ့​နေ့ကိုမှအအိပ်​ပုပ်​မိရသလား ​ပြုတ်​​စော်​နံ​နေပီထင်​တယ်​😒😒 Companyမှာအစည်းအ​ဝေးရှိတယ်​ကို​မေ့ပြီးညကညဉ့်​နက်​မှအိပ်​မိတာ ဂွမ်းပါပြီ

"သွား.​ရေသွားချိုး ငါသွား​တော့မယ်​ စားပွဲ​ပေါ်မှာမနက်​စာပြင်​ထားတယ်​ စားဖြစ်​​အောင်​စားသွား ပြီးရင်​ဗိုက်​ကခဏခဏ​အောင့်​​နေတယ်​ဆိုပီးငါ့လာမ​ပြောနဲ့"

"​အေးပါ နင်​ဘာသာသွားစရာရှိတာသွားပါ ငါစားဖြစ်​​အောင်​စားသွားမယ်​"

ပြော​ပြောပြီးချင်းပင်​​ရေချိုးခန့်​ဆီသို့ကမန်း​​​​ကတန်း​ပြေးရ​တော့တယ်​....​ရေချိုးတာကိုအမြန်​ဆုံးပြီး​အောင်​လုပ်​...ပြင်​ဆင်​စရာရှိတာပြင်​ဆင်​ပြီး​အောက်​ထပ်​ကိုဆင်းလာ​တော့စားပွဲ​ပေါ်မှာ​ပေါင်​မုန့်​ကြက်​ဥ​ကြော်​​တွေ​တွေ့တာနဲ့ပါးစပ်​ထဲပလုတ်​ပ​လောင်းထိုးထည့်​ပြီးCompanyသို့သုတ်​​ခြေတင်​​တော့သည်

____________________________________

Companyကို​ရောက်​​တော့​9နာရီပင်​ခွဲ​နေပီ အစည်းအ​​ဝေးခန်းကိုအ​ပြေးသွား​တော့အစည်းအ​ဝေးကပြီးသွားပြီ....ဒီလိုဖြစ်​တာအ​ခေါက်​​ပေါင်းမနည်း​တော့...ဒါ​ပေမယ့်​ဂျာကြီးကသည်းခံ​ခဲ့တယ်​ အရင်​တစ်​​ခေါက်​တုန်းက ​​"နောက်​တစ်​ခါဖြစ်​ရင်​အလုပ်​ဖြုတ်​ပစ်​မယ်​"တဲ့ ကြိမ်းထားတာ ​​ကြောက်​လိုက်​တာ ဘာလုပ်​ရမှန်း​တောင်​မသိ​တော့ဘူး😞😞

"CHOI YO SOO!!!!!!!!!"

နောက်​က​နေ​ထွက်​လာတဲ့အသံ...အဲ့အသံက​ဘယ်​သူလဲမ​မေးနဲ့ အဲ့ဒါဂျာကြီးအသံ😩😩မျက်​နှာငယ်​​လေးနဲ့လှည့်​ကြည့်​​တော့

"အခုချိန်​မှဘာလာလုပ်​တာလဲ?!!!!!"

ဒေါသထွက်​​နေပုံပဲ..​အော်​လိုက်​တာ လွင့်​ထွက်​သွား​တော့မယ်​😖😖

"ဂျာကြီး...ဟီး...ဟီး..အဲ့..အဲ့ဒါက​လေ......ဒီလိုရှိတယ်​...သမီးက..."

စကားပင်​မဆုံးလိုက်

"​တော်​.တန်​.တိတ်​!!!! မကြားချင်​ဘူး သွား​တော့!!အခုချက်​ချင်းသွား!! ဘယ်​​တော့မှပြန်​လာစရာမလို​တော့ဘူး!!"

သွားပါပီ ဒီအလုပ်​​လေး​တောင်​အသည်းအသန်​ရှာထားရတာကို

"ဂျာကြီးကလည်းသမီးကနည်းနည်း​လေး​နောက်​ကျတာပါ ​ဗွေမယူပါနဲ့​နော်​...​နော်​....​နော်​လို့...​နောက်​ကျတယ်​ဆိုတာကလည်း​လေ.
"

"မသိဘူး မကြားချင်​ဘူးအ​ကြောင်းပြချက်​မှလာမ​ပေးနဲ့ အခုချက်​ချင်းထွက်​သွားဆိုထွက်​သွား!!ဒါပဲ"

အဲ့လို​ပြော​နေမှ​တော့အလုပ်​ပြုတ်​ဖို့က100%​သေချာ​နေပီ ဟူး~~~ဒါဆိုဘာသွားလုပ်​စားရမှာလဲ အလုပ်​ပြုတ်​ပီဆို​တော့လည်းလာရာလမ်းအတိုင်းပြန်​ရုံမှအပ ဘာမှမတတ်​နိုင်​😭😭

နောက်​​နေ့ကျ​ရင်​​တော့အလုပ်​ရှာဦး​မှာ​ပေါ့~~~~~

TBC*****

အ​ရေးအသားညံ့ရင်​ခွင့်​လွှတ်​ကြပါလို့

#Alex Sesar💋


You Are My Life❤Where stories live. Discover now