Part - 1

550 36 2
                                    

Philophobia cb normal romance fic part - 1 ပါဗျ

နှင်းကွဲချိန်

မြူနှင်းတို့ ဆိုင်းဝေ့ဆဲ ပတ်ဝန်းကျင်က မှိုင်းပျပျ
နေရောင်ဖျော့ဖျော့တို့က မြူနှင်းများကြား အားစိုက်တိုးဝင်ဆဲ

သံပတ်ပေးထားသလို အချိန်မှန် ပွင့်လာတတ်သော မျက်လုံးတို့ကြောင့် chanyeol အိပ်ရာမှ နိုးလာခဲ့သည်

အိပ်ရာဘေးမှ စားပွဲတင်နာရီလေးဆီ အကြည့်ရောက်မိတော့ နံနက် ၆ နာရီ
ပုံမှန်ပါပဲ ကျင့်သားရနေဆဲ မျက်လုံးတို့ကို chanyeol ထိုးဖောက်ပစ်ချင်လာသည်

တော်သေးသည် အရင်ကလို သုံးနေကျ စမတ်ဖုန်းလေးကို လိုက်မရှာမိတော့တာ

ညစ်ညူးလာသော စိတ်အစုံတို့ကြောင့် chanyeol အခန်းတွင်းရှိ ပြတင်းပေါက်ဆီသို့ လျှောက်လှမ်းသွားလိုက်ရင်းး ပြတင်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သည်

chanyeol ခန္ဓာထက်ဆီသို့ ဖြာကျလာသော ရောင်ခြည်နွေးနွေးနဲ့ မျက်နှာထက်ဆီသို့ ရိုက်ခတ်လာသော အေးမြမြ လေနုလေးတချို့ကြောင့် chanyeol အသက်ရှုအနည်းငယ်ချောင်သွားသလို

အနည်းငယ်ရှည်ကာ ကျယ်ပြန့်သောနဖူးပြင်ထက် ဝေ့ဝဲကျနေသာ  ဆံနွယ်အချို့အတွင်းသို့ လက်ချောင်းတို့ဖြင့် ထိုးဖွလိုက်ရင်း သပ်တင်လိုက်ရင်း မနက်ခင်းလတ်ဆတ်သော လေကို တဝကြီးရှိုက်သွင်းလိုက်သည်
ဆံနွယ်များကြားသို့ တိုးဝင်လာသော အေးစက်စက်လေတို့ကြောင့် ညစ်ညူးလျက်ရှိသော chanyeol စိတ်အစဉ်တို့ ပြန်လည် လန်းဆန်းလတ်ဆတ်လာသလို

chanyeol သက်ပြင်းတချက်ချကာ မျက်နှာထက် ချိနဲ့နဲ့ အပြုံးတခု ဖန်ဆင်းရင်းး ခြေလှမ်းများက အိပ်ခန်းတွင်းရှိ ဂိမ်းစက်ရှိရာသို့

စိတ်ထဲမှ မကြားတချက် ကြားတစ်ချက် ဆန္ဒတစ်စုံက ချလိုက်မိတဲ့ သက်ပြင်းတခုကြား နှလုံးသားအတွင်းတစ်နေရာမှ နာကျင်မှုတစ်စုံတစ်ရာ ကပ်ပါသွားစေဖို့

နံနက်ခင်းနေခြည်နွေးနွေးက baek ကုတင်ဘေးရှိ ပြတင်းပေါက်ကို ကျော်ဖြတ်ကာ
baek မျက်နှာထက် ထိုးကျလာသည်

ပိတ်ထားသော မျက်ခွံမို့မို့တို့ထက် လာရောက်တိုက်ခတ်လျက်ရှိသော အလင်းရောင်စူးရှရှကြောင့် baek မနိုးချင်ဘဲ နိုးလာခဲ့ရသည်

PhilophobiaWhere stories live. Discover now