မနေ့ညမှနွေးထွေးလွန်းသည့် ပွေ့ဖက်မှုတစုံတရာ
ကိုLuhanသတိရသည် ~ တင်းကျပ်စွာပွေ့ဖက်
ထားခဲ့သည်မဟုတ်သော်ငြားလည်း ကုတင်ထက်မျက်နှာချင်းဆိုင်လဲလှောင်းမိကြ
လျက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ရင်းပြုံးနေမိခဲ့သည်မှာ မိုးလင်းလုနီးအချိန်ထိဖြစ်
သည်ပခုံးထက်ခပ်ဖွဖွတင်ထားခဲ့သည့် Sehunလက်
တဖက်ကပင် ကြင်နာမှုတို့ကိုဆောင်ယူသည်
ရင်ခွင်ထဲထိသိမ်းသွင်းမှုမပြုခဲ့သော်ငြားလည်း
ဒီလောက်နဲ့ပင်Luhan့ရင်ခုန်သံတို့ကဆုန်
ပေါက်နေခဲ့ပါသည်ကဲ ချစ်နေပြန်တော့လဲ ဒီလိုရူးမိတာပါပဲ
မိုးလင်းခါနီးကျမှမှေးကနဲအိပ်ပျော်သွားခဲ့ပြီး
ဖျတ်ကနဲမျက်လုံးဖွင့်ကြည့်မိသည့်အခါ မျက်စိ
ရှေ့ဝယ်Sehunမရှိတော့~ကုတင်ပေါ်မှနေဆတ်ကနဲငုတ်တုတ်ထမထိုင်
မိပေမဲ့ ပက်လက်လန်လှဲချကာ မျက်နှာကြက်
ဆီသို့တွေတွေငေးငေးမော့ကြည့်မိသည်ခုလောက်ဆိုSehunသူ့နားမယ် တသက်လုံး
နေသွားဖို့အဆင်သင့်ဖြစ်နေပြီလား??Luhanပြုံးလိုက်မိသည်ထင်၏~မသေချာပါ
Sehunသူ့နားမှာနေသွားဖို့ရာခိုင်နှုန်းပြည့်တော့
ဖြင့်မသေချာသေးပါခပ်သင်းသင်းမွှေးပျံ့တက်လာသည့်ကော်ဖီနံ့
ရယ်ကြောင့်Luhanလှဲနေရာမှထထိုင်မိလိုက်
သည် ဒီနေ့ကတနင်္ဂနွေနေ့ ကျောင်းသွားတက်
စရာမလို~မနေ့ညကဖြင့် ပျော်ပွဲစားထွက်ကြ
ရအောင်ဟု Sehunပြောခဲ့သည် ဟုတ်လေ
သလား မဟုတ်လေသလားတော့မသိအိပ်ခန်းတွင်းရှိရေချိုးခန်းသို့ဝင်ပြီး တကိုယ်ရည်
သန့်ရှင်းရေးလုပ်ကာမီးဖိုခန်းဆီဦးတည်သွားမိ
ချိန် ဟိုတကုတ်ဒီတကုတ်အလုပ်ရှုပ်နေသော
Sehunကိုတွေ့လိုက်ရသည်ထို့ပြင်ထမင်းစားပွဲပေါ်တွင်အသင့်တွေ့ရသော အငွေ့မသေသေးသည့်ကော်ဖီတခွက်
//နိုးပြီလား Luhan//
//အင်း……မင်းဘာလုပ်နေတာလဲ//
စားပွဲ၌ဝင်ထိုင်လိုက်ရင်း ကော်ဖီခွက်ကိုမယူ
သောက်ကာပြောမိလေသည့်အခါ Sehunသည်
ပြုံးလျက်အနားကိုရောက်လာသည်
YOU ARE READING
I Love You With All My Heart
Fanfictionချစ်စကားသည်နှုတ်မှကြွေကျပြီး ချစ်စိတ်တို့သည်နှလုံးသားထဲကိန်းအောင်း သည် နှလုံးသားတစ်ခုလုံးပုံနှင်းကာချစ်မိခဲ့ပြီမို့...... အတိတ် ပစ္စုပ္ပန် နှင့် အနာဂတ် တို့သည် အချစ်များနှင့်ချိုမြနေပါတော့မည်။~♡ @HunXun_DeerWind @HunHan_Heaven