အပိုင်း(၁)

30 2 0
                                    

နေ​ရောင်​ခြည်​ ဖြာကျ​နေ​သော သာယာ​သော နံနက်​ခင်းတခုတွင်
ခြောက်​ဧက ကျယ်​ဝန်း​သော ခြံဝန်းကြီး၏ အလယ်​တည့်​တည့်​တွင်​ ခန့်
ညားစွာ တည်​​ဆောက်​ထား​သော အိမ်​ကြီးတစ်​လုံးက အထီးကျန်​စွာ
နေ​ရောင်​ကိုခံယူ​နေသည်​။

စိတ်​ကြိုက်​ဒီဇိုင်းဖန်​တီး၍​ငွေ​ကြေးအကုန်​အကျခံ​ဆောက်​လုပ်​ထား​သော အဆိုပါအိမ်​ကြီးကိုကြည့်​ခြင်းဖြင့်​ ပိုင်​ရှင်​သည်​မည်​၍မည်​မျှ ကြွယ်​ဝ​ကြောင်းခန့်​မှန်းနိုင်​​ပေမည်​။ ​မြောက်​မြားစွာ​သော cctv များကလည်း
နေရာအနှံ့ ရှိ​နေ​ပေသည်​။ ထိုအိမ်​ကြီး၏ ပိုင်​ရှင်​မှာ.....

နေမင်း​သော်

မြန်​မာ့ကုန်​သွယ်​​ရေးနှင့်​ကူသန်း​ရောင်းဝယ်​​ရေး ကို လက်​ဝါးကြီးအုပ်​ထားသူ
အသက်​ ၂၆ နှစ်​ အရွယ်​ သူ့အတွက်​ ဒါဟာ အ​သေးအမွှား​လောက်​သာ
နိုင်​ငံတကာနှင့်​ ယှဉ်​ပြိုင်​ အနိုင်​လုလာ​သော စီးပွား​ရေးလုပ်​ငန်းရှင်​အတွက်​ မြန်​မာ့စီးပွား​ရေးကိုသူ့စိတ်​ကြိုက်​လှည့်​နိုင်​သည်​။ ဒါသူ့အ​ဖေ
ဦးသူရိန်​ သင်​​ပေးခဲ့​သောပညာ​ကြောင့်​ဆိုတာ ​နေ​မင်း မငြင်းပါ။ ​​နေမင်း အ​နေနဲ့လည်း ကြိုးစားသည်​ ။ ဇွဲကြီးသည်​။ လိုချင်​တာကိုရ​အောင်​ယူသည်​။
ဖြူသန့်​လွန်း​သောရုပ်​ရည်​နှင့်​ မလိုက်​ဖက်​​အောင်​ အတ္တကြီးသည်​။

မေနှင်းဝသုန်

နာမည်​ နှင့်​လိုက်​​အောင်​ ​အေးချမ်းသည်​။ က​လေးဆန်​တာကလွှဲ၍ စိတ်​နှလုံးဖြူစင်​လွန်း​သော သူမ။ သာမန်​ အတန်းအစားထဲက​မွေးဖွားလာ​သော သူမအတွက်​အရာရာဟာ ​အေးချမ်းသည်​။ ရုပ်​အ​ချောစားကြီးထဲမှာ မပါ​ပေမယ့်​ ဘယ်​​နေရာ​ရောက်​​ရောက်​မျက်​နှာမငယ်​ရ​သော ရုပ်​ရည်​ပိုင်​ရှင်​ သူမအတွက်​ အသက်​​လောက်​ချစ်​ရ​သော မိသားစုရှိသည်​။ သူမကို အသက်​​လောက်​ချစ်​​သော ​မောင်​ ရှိသည်​။ သူငယ်​ချင်း​တွေ ရှိသည်​။ သူမအတွက်​ ပြည့်​စုံ​သော ဘုရား​ပေး​သော ဘဝ​လေးတစ်​ခုရှိ​နေ​ပေသည်​။

နေ​ရောင်​ခြည်​ကွယ်​​ပျောက်​သွားခဲ့ရင်​Where stories live. Discover now