အပိုင်း(၂)

8 2 0
                                    

ဖြူလွလွ လက်​​ချောင်း​လေးများ၏ထိပ်​တွင်​ အ​ရောင်​ခြယ်​သထားခြင်းမရှိ​သော ပန်းနု​ရောင်​လက်​သည်းခွံများက မနာလိုစရာ​ကောင်းစွာ တည်​ရှိ​နေသည်​။ စုတ်​တံတစ်​​ချောင်းကို ကိုင်​ကာ အ​သေးစိတ်​ခြယ်​မှုန်း​နေ​သော ပန်းချီကားက ဆွဲ​သောလက်​နှင့်​အပြိုင်​ လှချင်​တိုင်းလှ​နေ​လေသည်​။

ဒါကိုပဲ ကြည့်​ရင်း ​မေ တစ်​​ယောက်​ ဘုန်းထက့််​ ကိုမနာလိုဖြစ်​တယ်​။
ယောကျာ်းတစ်​​ယောက်​က ဒီ​လောက်​လှ​နေဖို့လိုလို့လား။ ​မေ မိန်းမပီပီ သဝန်​တို​နေတတ်​တာလား ဟု​မေးလျှင်​ မှန်​သည်​ ​မေ ဘုန်းထက်​ကို သဝန်​တိုသည်​။ ​မေ့လို မိန်းမမျိုးကို ဘုန်းထက်​လို​ယောကျာ်းမျိုးက သစ္စာရှိရှိချစ်​ဖို့ဆိုတာ အရမ်းစိတ်​ကူးယဉ်​ဆန်​တဲ့ အရာမျိုးလို့ ​မေ့ ဦး​နှောက်​က လာလာသတိ​ပေး​နေတာ ခက်​သည်​။ ​မေ ဘုန်းထက်​ကို ဘယ်​မိန်းမလက်​ထဲမှ အပါမခံနိုင်​။
အတ္တကြီးသည်​ ဆိုလည်းရှိပ​စေ ​မေ သာ ​မောင့်​ရဲ့တစ်​ဦးတည်း​သောချစ်​သူပင်​ ။

စဉ်းစားရင်း ပြုံး​နေ​သော ​မေ့ကို ဘုန်းထက်​ လှည့်​ကြည့်​ရင်း ပြုံးလိုက်​သည်​။ ဒီ​ကောင်​မ​လေးကို ဘုန်းထက်​ ဖြစ်​နိုင်​လျှင်​ နှလုံးသားထဲ​သော့ခတ်​သိမ်းထားချင်​သည်​။ သူများ​တွေ မမြင်​​ပေမယ့်​ ဘုန်းထက်
ဝသုန်​ ရဲ့ စိတ်​က​လေးကိုမြင်​သည်​။ ဒါ​ကြောင့်​ပဲ ​မေနှင်းဝသုန်​ဆိုတဲ့​ကောင်​မ​လေးကို ဘုန်းထက်​ ချစ်​မိသွားခဲ့သည်​​လေ။ သူ့လို ဝသုန့်​ စိတ်​ကိုမြင်​တဲ့ ​နောက်​တစ်​ဦးဆိုတာ​ပေါ်​ပေါက်​လာခဲ့လျှင်​.....
သူ​ခေါင်းကို အလျင်​အမြန်​ ခါရမ်းလိုက်​သည်​။ ဆွဲလက်​စ ပန်းချီကို အနားသတ်​မျဉ်း​လေး တစ်​​ကြောင်းဆွဲရင်း အဆုံးသတ်​လိုက်​သည်​။

ဘေးကိုလှမ်းကြည့်​​တော့ ​မေ့ ခမျာ အိပ်​​မောကျ​နေပြီ။ ​စောင့်​ရတာကြာ​တော့ ပင်​ပန်းသည်​ထင်​ အိပ်​​နေလိုက်​တာ ​ဟောက်​လို့။ ဘုန်းထက်
မေ့ ကိုအသာအယာ​မွေ့ချီကာ ကုတင်​​ပေါ်တင်​​ပေးလိုက်​သည်​။ သူက​တော့ကား​သော့ဆွဲကာ coffee shop​လေးသို့ ထွက်​လာခဲ့လိုက်​သည်​။

နေ​ရောင်​ခြည်​ကွယ်​​ပျောက်​သွားခဲ့ရင်​Where stories live. Discover now