ထပ်​တူညီ​သောဖြစ်​တည်​မှု

25 4 0
                                    

နေကြာပန်းဟာ ​နေမင်းရှိရာအရပ်​ကို အမြဲမျက်​နှာမူ​နေတယ်​။ 

နေမင်းကြီးရဲ့​ရွေ့လျားရာအရပ်​ကိုသာ ထပ်​ကျပ်​မခွာလိုက်​ပြီး ​​ငေး​မောကြည့်​​နေတယ်​။ 

နေမင်းကြီးရဲ့မျက်​နှာ​တော်​ကို ဖူး​တွေ့မြင်​​တွေ့ခွင့်​ရမှသာ ​ခေါင်း​မော့ရင်​​ကော့လန်းဆန်း​နေနိုင်​တယ်​။

နေမင်းကြီးနဲ့ အလှမ်း​ဝေးကွာတာသိလျက်​နဲ့ အမြဲတမ်း​ငေး​မောကြည့်​​နေခဲ့တယ်​။

နေမင်းကြီးဟာ ​နေကြာပန်း​လေးအတွက်​ မရှိမဖြစ်​လိုအပ်​တယ်​။

နေမင်းကြီးအချိန်​တန်​လို့ ​မှေးမှိန်​​ပျောက်​ကွယ်​သွားခဲ့ရင်​ ​နေကြာပန်း​လေးဟာ ​အပွင့်​အုံ​လေးငိုက်​စိုက်​ကြကာ လွမ်းဆွတ်​သတိရ​နေမှာ​ပေါ့ သို့​ပေမယ်​ ​နေမင်းဟာ ထာဝရ​ပေါက်​ကွယ်​ခြင်းဆိုတာမျိုး မရှိဘူး​လေ ​နောက်​ထပ်​​နေ့သစ်​​တွေမှာ ထွန်းလင်းဦးမှာပါ။

ထို့အတွက်​​ကြောင့်​​နေကြာပန်း​လေးဟာ ​နေမင်းကြီး ထွန်းလင်း​တောက်​ပ​နေတဲ့မျက်​နှာရှိရာ အရပ်​ကို အမြဲလိုလို ​နေကြာပန်း​လေးအသက်​ရှင်​​နေသ၍ ​ငေး​မောကြည့်​​နေဦးမှာပါ။

09.04.2017(SUNDAY)
#kmms

နေကြာWhere stories live. Discover now