"Opposites" ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကိုတိတိသေသေချာချာသိချင်ရင် dictionary မှာမရှာနဲ့..ကျွန်တော်နဲ့မောင့်ကိုမြင်ရင်သေချာသိလိမ့်မယ်...ကျွန်တော်နဲ့မောင်ရဲ့
မတူညီချက်တွေကိုပြောရမယ်ဆိုရင်ဖြင့်...Aww.. မောင်နဲ့ကျွန်တော်ဆိုလို့ မိတ်ဆက်ရဦးမယ်..ကျွန်တော့်နာမည်ကလင်းလက်ယာတဲ့ မောင်ဆိုတာကတော့ကျွန်တော့ရဲ့နှစ်ယာက်မရှိတဲ့ချစ်ရသောသူမိုးမြင့်မောင်ပေါ့
မောင်နဲ့ကျွန်တော့်ရဲ့ချစ်သက်တမ်းက၂နှစ်ကျော်ကြာခဲ့ပြီ..သူများ couple တွေလို မဟုတ်ပဲ ယောင်္ကျားလေးချင်းချစ်မိကြတဲ့သူတွေဆိုပါတော့ဗျာ.... ဒါပေမယ့်လည်း
ကျွန်တော်သူတို့ကိုအားမကျသလိုအားလည်းမငယ်ပါဘူး ကျွန်တော်တို့အချစ်ကနားလည်မှုအပြည့်နဲ့ခိုင်မြဲပြီးသား
လေ...ကျွန်တော်တို့ရဲ့မတူညီမှုကိုညှိရင်းပိုပြီးခိုင်မြဲလာကြတယ်ဆိုပါတော့...မတူညီမှုတွေကိုပြောရမယ်ဆိုရင်တစ်ထောင့်တစ်ညပုံပြင်တွေထက်ရှည်လိမ့်မယ်...ဒါပေမယ့်လည်းပြောပြရမှာပေါ့..."ယာယာ..."
ဟော..မောင်တောင်ပြန်ရောက်လာပြီ.. အပြေးအလွှားအောက်ထပ်ဆင်းရင်းလှေကားရင်းရောက်တော့အပြုံးနဲ့ကြိုနေတဲ့မောင်...
"မောင်ပြန်လာပြီ...ဧည့်ခန်းထဲမှာသွားထိုင်ကြရအောင်.."
ဆိုတော့ပြုံးကာခေါင်းညိမ့်ပြပြီးဧည့်ခန်းကဆိုဖာဝင်ထိုင်တော့ကျွန်တော်လည်းမောင့်ရဲ့ဘေးဝင်တိုးထိုင်တော့မောင့်လက်ကကျွန်တော့်ပုခုံးပေါ်သို့ရောက်ပြီးသား.. ကျွန်တော်လည်းပြုံး၍သာ..
"မောင်စာမူကိစ္စအဆင်ပြေခဲ့တယ်မှတ်လား..."
ခေါင်းတစ်ချက်ညိမ့်ပြခြင်းကကျွန်တော့်ချစ်သူစာရေးဆရာရဲ့အဖြေ.. မောင့်ပုခုံးပေါ်ခေါင်းမှီပြီးရင်ခွင်ထဲဝင်တိုးတော့မှမောင်က...
"ဒီနေ့အလုပ်မရှိဘူးလား.."
"မောင်ကလည်းမနေ့ညကတည်းကပြောပြီးသားကိုနောက်တစ်ပတ်မှရိုက်ကွင်းတွေပြန်စပါမယ်ဆိုမှ.."
ငြူစူတဲ့အသံနဲ့ပြောမိတော့ဆံပင်ကိုသပ်နေသောမောင့်လက်က ခပ်ကြမ်းကြမ်းလေးဆံပင်ကိုဖွလိုက်တာက ကျွန်တော့်အသံကိုသိပ်သဘောမကျဘူးဆိုတဲ့သဘော...ဒီလိုပဲစကားကိုလိုတာထက်ပိုမပြောတဲ့ချစ်ရသူကြောင့် အပြုအမူတွေကိုကြည့်ရင်းသာမောင့်စိတ်ကိုခန့်မှန်းတတ်ခဲ့တာကြာပေါ့..ဤသည်ပင်ကျွန်တော်တို့ရဲ့မတူညီမှုများထဲမှတစ်ချက်...စကားကိုရေပတ်မဝင်အောင်ပြောတတ်တဲ့ကျွန်တော်နဲ့တခြားစီပေါ့..