ဒီနေ့ရာသီဥတုမသာယာလှ မှိုင်းညို့ညို့ တိမ်တိုက်တို့က မကြာမီ မိုးရွာတော့မည်ဟု သတိပေးနေတစ်ယောင်ယောင် ဆိုင်သိမ်းရန် ဟန်ပြင်နေသော်လည်း bakeryရဲ့ အဝင်ပေါက် တံခါးဝဆီက ခေါင်းလောင်းသံက customerလာပြီဟု သတိပေးနေသလို"မင်္ဂလာပါ ဘာများသုံးဆောင်မလို့လဲ မသိဘူး ခင်ဗျ"
Park jimin
Chim's bakeryဆိုင်ရဲ့အရောင်းဝန်ထမ်း"ဆိုင်ပိတ်တော့မှာနဲ့ တူပါရဲ့ အားနာစရာကြီး"
"ရပါတယ်ခင်ဗျ"
"အဲ့ဒါဆို chocolate capcake တစ်ခု ပြီးတော့ sodaရလား"
Jeon jungkook တက္ကသိုလ်ကျောင်းသား art major
First year"ဟုတ်ကဲ့ရပါတယ်"
ဆိုင်လေးက သေးလည်းမသေးလှ ကြီးလည်းမကြီးလှ
ဘေးနံရံတွေက ဖန်များဖြင့်ပြုလုပ်ထားသည် ဆိုင်၏corner၌ သူထိုင်မိသည် ကောင်းကင်ကြီးအား ကြည့်သော်လည်း တိမ်တိုက်တို့နှင့် သစ်ပင်တို့ကြီးကလွဲ၍ဘာမှ မရှိ
တကယ်တမ်းသာဆို ဒီနေ့သူကျောင်းစာသင်ခန်းထဲတွင်ရှိနေရမှာ အခုတော့ တွေ့ကရာbakeryထဲထိုင်ပြီး သီချင်းတွေရေးနေမိသည် သူ့၏အတောင်ပံတို့သည် လေးလံလှသည် သို့သော်မည်သူကမှ မသိကြ မမြင်ကြ သာမန်လူတစ်ယောက်လိုသွားလာနေထိုင်ရတာ သူပင်ပန်းလှသည်ဝန်ထမ်းကောင်လေး အစားအသောက်သို့လာထားတဲ့အချိန်အထိ သူငေးနေမိသည် အရာအားလုံးပုံမှန် သွားလာလှုပ်ရှားနေသောကမ္ဘာကြီး ဘယ်သူကများ bakeryမှာ sodaမှာသောက်မှာသောက်မှာလဲ အားလုံးပုံမှန် သူကလွဲလို့ပေါ့
Parkjiminတစ်ယောက် ထို customerကိုကြည့်နေမိသည် သူသည်မည်သူနှင့်မှမတူ
ကျောပိုးအိတ်ကိုကြည့်ခြင်းဖြင့် ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း အလွယ်တစ်ကူသိနိုင်သည်ကျောင်းသားတစ်ယောက်အား sodaကို ချပေးသင့်သလား မပေးသင့်ဘူးလား သူမစဉ်းစားချင် customerအဆင်ပြေအောင်လုပ်ပေးရမည်ကိုသာ သူစဉ်းစားသင့်သည်
ဆိုင်ထဲတွင် သူတို့နှစ်ယောက်ထဲဆိုသည့်အတွေးက သူ့ကို ကိုးယို့ကားယားနိုင်စေသည်💔#pt1.2
Jeon jungkook
သူနောက်ပိုင်း ဟိုပေါင်မုန့်ဖုတ်တဲ့ဆိုင် ကိုပဲသွားနေမိသည် သူမှာအကြောင်းပြချက်မရှိပါ ဒီအတိုင်း အဲ့ဆိုင်လေးက တိတ်ဆိတ်ညိမ်သက်သလိုခံစားရလို့ ဟုတ်ချင်မှလည်းဟုတ်မှာပါ သူ့ကို ကောင်းကင်ဘုံက နှင်ချလိုက်ခြင်းမှာ ဘုရားသခင်ပေးသော ပြစ်ဒဏ်လား ကောင်းချီးလားမသိ သို့သော် သူပျော်သည်"ကောင်လေးရေ ခဏလာဦး"
"ဟုတ်ကဲ့ ဘာများမှာချင်လို့လဲမသိဘူး"
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"ဗျာ?"
"အဟင်း နေ့တိုင်းနည်းပါးတွေ့နေကျပေမဲ့ နာမည်လေးတောင်မသိဖြစ်နေလို့"
"သြော် ဟုတ်ကဲ့ ကျနော့်နာမည်jiminပါ park jimin"
"ကိုယ်က jeon jungkookပါ"
"jeon jungkook sshiက ဒီဆိုင်ကို ခဏခဏလာတယ်နော်"
"အင်း ဒီနေရာလေးက တစ်မျိုးလေး ကိုယ့်ကို လွတ်လပ်စေတယ်"
"သူဌေးသာ ကြားရင် အရမ်းသဘောကျမှာ"
"ဟုတ်လား"
"ဟုတ် ကျနော့တို့သူဌေးက သူ့ဆိုင်ကောင်းကြောင်းပြောရင်အရမ်းသဘောကျတာ"
"မင်းအသက်က?"
"၂၁နှစ်ပါ"
"အို မထင်ရဘူးနော် ကိုယ်ကကိုယ့်ထက်ငယ်တယ်ထင်နေတာ ကိုယ်က၁၉ပါ "
တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်တယ် စကားတွေပြောတယ် capcakeတွေစားတယ်sodaသောက်တယ် ပြီးတော့ ဘာမှဆက်ဖြစ်မလာတော့ဘူး
နေ့တိုင်းဒီလိုပဲ ထိုကောင်လေးနဲ့စကားတွေအများကြီးပြောဖြစ်လာတယ် နောက်တော့ သူသတိထားမိလာတာတစ်ခုက သူ bakeryကိုနေ့တိုင်းသွားနေတဲ့အကြောင်းပြချက်က capcakeတွေစားချင်လို့မဟုတ်ဘူး sodaသောက်ချင်လို့ မဟုတ်ဘူး ဟိုကောင်လေးကိုတွေ့ချင်လို့ဆိုတာပဲ
YOU ARE READING
အတောင်ပံ
Fanfictionရွေးချယ်စရာတွေအများကြီးထဲကနေရှောင်ထွက်ပြီး ကျွန်တော်သူ့ကိုရွေးခဲ့သည်။