Prologue ..

4.1K 257 16
                                    

ကျွန်တော့်ရဲ့ ဘ၀က တစ်ကယ်တော့ လေပေါ်ပျံဝဲနေတဲ့ အညိုရောင် စွန်ငယ်လေးလိုပဲ ..

လူတွေက ထင်ကြတယ် .. စွန်ရဲ့ ဘ၀ဟာ သိပ်ပြီးလွတ်လပ်တယ် .. ကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာကို ပျံသန်းခွင့်ရှိတယ် .. လေအဝှေ့မှာ လဲကျမသွားပဲ လေအစုန်ကို ဆန်တက်ရင်း .. မြင့်သတဲ့ မြင့်တဲ့နေရာကို မာန်ဟုန်တလူလူနဲ့ လှပစွာ ခန့်ညားစွာ တည်ရှိနိုင်ကြတယ်။

ဒါပေမယ့် သူတို့ မသိတာတစ်ခုရှိတယ် ..

စွန်လေးတစ်ခုဟာ .. ပဲ့ကိုင်သူရဲ့ ထိန်းချုပ်မှုအောက် .. သူရဲ့ အမိန့်ပေးမှုတွေအောက် ငြင်းဆန်ခွင့်မရှိဘဲ သူနှင်ရာ သွားရတယ်ဆိုတာ ..

ပြီးတော့ သူဝေးဝေးပို့ရင် ဆန္ဒမရှိလဲ အဝေးကိုသွားရသလို .. သူ အတင်းဆွဲခေါ်ရင် ဆန္ဒမရှိလဲ သူ့အနားမှာ ရှိနေရတယ် ..

ချည်နှောင်ထားတဲ့ ကြိုးအဖြူ တစ်ချောင်းရဲ့ တင်းကြပ်မှုကို ရုန်းကန်ချင်လည်း လွန်ဆန်ခွင့်မရှိ .. တုပ်နှောင်ခံရဆဲ .. ။

ကျွန်တော့်ဘ၀ကိုလည်း သူပဲ ထိန်းချုပ်တယ် .. သူပဲ ပဲ့ကိုင်တယ် .. သူပဲ အမိန့်ပေးတယ် .. သေချာတယ် ကျွန်တော် သူ့အလိုကျ မပျံသန်းတော့တစ်နေ့ .. ချည်နှောင်ထားတဲ့ ကြိုးကို သူကိုယ်တိုင် ဖြတ်ရင်း ကျွန်တော့်ကို မြေပေါ်ပြုတ်ကျသွားအောင် .. လုပ်ဖို့အတွက် သူဝန်မလေးဘူးဆိုတာ ။

ကျွန်တော်ဟာ သူ့အတွက်တော့ အပျင်းပြေဆော့ကစားစရာ .. အညိုရောင်စွန်ငယ်လေးတစ်ခုပါ ။

......... To Be Continue ............

Fic တွေကို ဖျက်လိုက်တင်လိုက်နဲ့ ကျွန်မတစ်ယောက် တော်တော်လေး အလုပ်ရှူပ်နေတာ 😂😂

ိဒီ fic လေးကိုတော့ လုံးဝပြန်မဖျက်ပါဘူးလို့ 😂 ..

အားပေးကြပါဦး ..

လေးစားစွာဖြင့် PuppyYoda_lover

The Brown Kite ||Haitus||Where stories live. Discover now