မီးရောင်တဖျက်ဖျက်လက်နေသော စင်မြင့်ထက် တောက်ပစွာ ဖျော်ဖြေနေသည့် နတ်သားလေးကို ..
ကျွန်တော် မြတ်နိုးသည် ..တန်ဖိုးထားသည် .. ။
ချစ်သည် .. ။
⏩⏩⏩" အားလုံး ပြီးပြီ "
နောက်ဆုံးသော ဆံပင်ပြင်ဆင်မှု အဆုံးသတ်သွားသည့်နောက်မှာတော့ Hae Min Noona က မှန်ထဲတွင်ထင်ဟပ်နေသော ကျွန်တော့်ပုံရိပ်ကို ကြည့်ရင်း နူးညံ့စွာပြုံးကာ ခပ်တိုးတိုးရေရွတ်လေရဲ့ ..
" မိုက်ရဲ့လား ? "
ဘယ်လိုအဖြေမျိုး ပြန်ဖြေမလဲဆိုတာကို အတိအကျသိနေသော်ငြား မှန်ရှေ့မျက်နှာမူထားသော ထိုင်ခုံကို ခြေထောက်ဖြင့် လှည့်လိုက်ကာ နောက်ကျောတွင်မတ်တပ်ရပ်နေသော Hae Min Noona ကို ကြည့်ရင်း ရယ်မောကာ မေးခွန်းထုတ်မိသည် ။
" အမယ်လေး .. ကမ္ဘာကျော် Guitarist ကြီးရယ် .. မိုက်ပါတယ်ရှင့် "
အိနြေ္ဒရလွန်းသော Noona ၏ ချစ်စဖွယ်မျက်စောင်းတစ်ချက်ကိုသာ ရလိုက်သော်ငြား ကျွန်တော်ကတော့ စိတ်လွတ်လက်လွတ်ကို ရယ်မောမိလိုက်သည် ။
" ကဲ .. ခဏနေ စတော့မှာမဟုတ်လား .. ပြင်ဆင်တော့လေ "
Noona ပြောမှပဲ နာရီကို လှမ်းကြည့်မိတော့ Concert စဖို့ နာရီဝက်လောက်သာ လိုတော့သည် ။
" အာ ဟုတ်သားပဲ .. သွားတော့မယ် "
ထိုင်လက်စထိုင်ခုံမှထကာ မှန်ရှေ့တွင်ရပ်ရင်း ကိုယ့်ကိုကိုယ် အဆင်ပြေမပြေတစ်ချက်ကြည့်ကာ ပြင်ဆင်မှုများအတွက် Makeup room ထဲမှ ထွက်ရန် Noona အား နှုတ်ဆက်လိုက်သည် ။
" အင်း .. ကောင်းကောင်းလုပ်နော် "
" Nae .. Noona "
နူးညံ့သော အားပေးစရာနှင့်အတူ ချိုမြသော အပြုံးတစ်ပွင့်ဟာ မကြာခင်စတော့မယ့် Concert အတွက် အတော်လေးပင် အားတက်သွားသလို ..
" အာ .. တစ်ခုမေ့သွားလို့ "
အခန်းထဲမှထွက်ဖို့အတွက် တံခါးနားအထိ ရောက်ပြီးမှ အနောက်သို့ပြန်လှည့်လိုက်ကာ ကျွန်တော့်အား ရပ်၍ကြည့်နေသော Noona အနားသို့ ပြန်လျှောက်လာလေတော့ နားမလည်စွာ ကျွန်တော့်အားကြည့်နေလေရဲ့ ..
YOU ARE READING
The Brown Kite ||Haitus||
Romanceစွန် .. စွန်ရဲ့ ပဲ့ကိုင်ရှင်ဟာ ရစ်လုံးကို ထိန်းချုပ်နေတဲ့ လူသားတစ်ယောက် .. ။ ပြီးတော့ .. ချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်း .. ။ Chanbaek Yaoi Type - Romance , Drama