One Day

914 52 6
                                    


မိုးကောင်းကင်က မည်းညို့နေပြီး မိုးရေစက်လေးများက ဖြည်းဖြည်းချင်းမြေပြင်သို့ ကျဆင်းနေသည်
အပြင်ဘက်သို့ငေးကြည့်ရင်း စားပွဲပေါ်က coffeeခွက်ကိုကောက်ယူလိုက်ပြီး ကျွန်တော့်ရဲ့ မပြီးဆုံးနိုင်သော ပုံပြင်တစ်ပုဒ်အတွက် ပင့်သက်ရှိုက်လိုက်စဉ်

ငါ့ကို ဖမ်းဆုပ်ထားပေးပါ  ငါ့ကိုပွေ့ဖက်ထားပေးပါ Trust me~~~

JHope : ummmm Tae ah

တစ်ဖက်မှ ထွက်လာတဲ့သူ့အသံလေးက ကျွန်တော့်အတွက်အရာရာ ပြည့်စုံသွားစေနိုင်ပါတယ်

TaeHyung : Hyung ကျွန်တော် ticket ဝယ်ပြီးပြီ Hyung အတွက်ပါဝယ်ထားတယ် အတူတူသွားမယ် လိုက်မယ်မလား hyung

အမြဲလိုလို ဘာမှကြိုတင်မပြော သူ့အလိုကျ ကျွန်တော့ကို နွဲ့ဆိုးဆိုးတတ်သောကောင်လေးတစ်ကောင် အခုလည်း ticket ဝယ်ထားတယ်သာပြောတာ ဘာticket မှန်းကျွန်တော်မသိ

Jhope : ဘယ်ကိုလဲ Tae ah

TaeHyung : ပန်းချီပြပွဲ hyung လိုက်ခဲ့ပေး
စကားရဲ့အဆုံးမှာ ကလေးတစ်ယောက်လို တခစ်ခစ်ရယ်နေသော ကောင်လေးကို ပန်းချီစိတ်မဝင်စားသော ကျွန်တော့်မှာ ငြင်းဆိုနိုင်စွမ်းမရှိ

Jhope :ok ဘယ်အချိန်လဲ

TaeHyung : မနက်ဖြန် ညနေ 4:00 hyung ကိုလာခေါ်မယ်    
cool?

Jhope: Cool . hyung အိမ်မှာ စောင့်နေမယ်

TaeHyung : hyung tom တွေ့မယ် bye
Jhope :bye

ကျွန်တော် ကိုယ့်ကိုကိုယ်တောင်မသိလိုက်ပဲ ပြုံးလိုက်မိသည် လစ်ဟာနေတဲ့ခံစားချက်တစ်ခုကို အသက် 22နှစ်အရွယ် ကောင်လေးက ကုစားနိုင်ပါလားဆိုတာကိုပေါ့

.
နောက်တစ်နေ့ရဲ့ ညနေ 4:00 မှာ အိမ်တခါး bell တီးသံကြားလိုက်တာနဲ့ ကျွန်တော် အခန်းကနေ အောက်ထပ်ကို ဆင်းလာခဲ့သည် 
Emoji Tae လို့မပြောရ လူကိုတွေ့တာနဲ့ ရယ်ပြလိုက်တာနဲ့ သူက တကယ့် living emoji လေး
TaeHyung : Hyung annyeong

Jhope : annyeong နေ့လည်စာစားပြီုးပြီလား

TaeHyun တစ်ယောက်ခေါင်းခါပြသည်

Jhope: ဘာလို့ ညနေတောင်ရောက်နေပြီ

TaeHyung : appa အလုပ်ကိစ္စနဲ့ ခရီးသွားတယ် ommaလည်း လိုက်သွားတယ် 3ရက်လောက် ကြာမယ်ပြောတယ်

One Day Where stories live. Discover now