'လွှတ်ပေးကြပါ....´
'လွှတ်..ပေး..ကြ..ပါ.. ´စိတ္တဇဆေးရုံ၏ အခန်းငယ်လေးမှတိုးညှင်းစွာရေရွတ်နေသံ။
'ငါရူးနေတာမဟုတ်ဘူးလို့ပြောနေတယ်လေ လွှတ်ပေးး ဒီကနေလွှတ်ပေးး အားးး အနားကိုမလာနဲ့ ´
အစောင့်တွေကတော့ ဒီ့ထက်ပင်ဆိုးသည့်လူနာတွေနဲ့ကြုံဖူးသူတွေမို့ ဘာမှအရေးတယူလုပ်မနေပေ။ အော်ဟစ်အပြီး ငိုရှိုက်သံသဲ့သဲ့က ပျံ့လွ့င့်လျက်။
'ဒီကနေကယ်ပေးကြပါ..´
~~~~~~
'Kim Jun Myeon shii´
Dr. Seo Jinရှေ့ကလူနာကိုကြည့်လိုက်မိသည်။ လူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေဖြစ်ပြီး လူသတ်သမားက နှုတ်ပိတ်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာ အသက်ရှင်နေသူ။ စိတ်မကောင်းစရာတစ်ခုက ဒဏ်ရာတွေသက်သာလို့ ဆေးရုံကဆင်းပြီးနောက်ပိုင်း သရဲတွေကိုမြင်နေရတယ်ဆိုပြီး အော်ဟစ်သောင်းကျန်းနေ၍ မိသားစုက စိတ္တဇဆေးရုံကိုပို့ဆောင်ခံခဲ့ရသူ။ ရောက်ကာစနဲ့မတူဘဲ တစ်နေ့တစ်ခြားပိန်ချုံးကာ မျက်တွင်းဟောက်ပက်နဲ့ဖြစ်နေချေပြီ။ အမှုအတွက်အရေးကြီးတဲ့သူဖြစ်နေပေမဲ့ စိတ်ကျန်းမာရေးမကောင်းသူဖြစ်နေတော့ အမှုကိုလဲရှေ့ဆက်မရဖြစ်နေသည်လေ။
'Kim Jun Myeon shii အစားကိုတော့မှန်မှန်စားမှပေါ့။ ဆေးသောက်တာ အစာရှိမှဖြစ်မှာပေါ့။ အဲ့ဒါမှ မြန်မြန်နေကောင်းပြီးအိမ်ပြန်နိုင်မှာလေ´
'အဲ့အစား ငါရူးတာကမှပိုကောင်းဦးမယ်´
'Nae?´
တိုးညှင်းစွာရေရွတ်လိုက်တာကြောင့် ထပ်မေးမိတော့
'ငါတကယ်ရူးတာကမှကောင်းဦးမယ်လို့ ပြောနေတယ်လေ အဲ့ဆေးအစုတ်အပြတ်တွေကိုမသောက်ချင်တော့ဘူး အိမ်ပြန်မယ် အိမ်ပြန်မယ်ဆိုနေ..´
အော်ဟစ်ပြီးသောင်းကျန်းလာတာကြောင့် စိတ်ကိုငြိမ်ငြိမ်ထိန်းခိုင်းလို့မရသည့်အဆုံး စိတ်ငြိမ်ဆေးထိုးလိုက်ကာ အခန်းထဲကိုပြန်ခေါ်သွားခိုင်းလိုက်ရသည်။ အချို့သောဆွေးနွေးမှုတွေမှာ Jun Myeonရဲ့ပြန်လည်တုံ့ပြန်မှုတွေက တစ်ချက်တစ်ချက်အခုလိုထဖြစ်တာကလွဲရင် သာမန်အတိုင်းမို့ Dr. Seo Jinလဲဘယ်လိုကုပေးရမှန်းမသိတော့..။