Jun Myeon ထွက်ပြေးသွားတာမို့ အကုန်လုံးပျာယာခတ်ကုန်သည်။ မိဘတွေမှာလဲရင်ပူစွာလိုက်ရှာနေရသလို အရေးကြီးသည့်မျက်မြင်သက်သေမို့ လုံခြုံရေးတင်းကြပ်ထားရတောင် ဘယ်လိုရအောင်ထွက်ပြေးမှန်းမသိတာကြောင့် အကုန်ခေါင်းစားနေရသည်လေ။ တစ်ပတ်ကျော်ကြာသည်အထိ သတင်းအစအနပင်မရ။ မျက်မြင်သက်သေပျောက်သွားသည့်သတင်းသာပြန့်သွားလျှင် အန္တရာယ်ရှိနိုင်တာမို့ တိုးတိုးတိတ်တိတ်သာကြိတ်ရှာဖွေနေရသည်လေ။
'အခုထိ ရှာမတွေ့သေးဘူးလား´
'ကျုပ်လဲရှာနေတာပဲ အခုကရဲတွေကလဲဝင်ပါနေတဲ့ကိစ္စကို´
'ဒါမင်းအသုံးမကျလို့လေ မျက်မြင်သက်သေကို သေမသေတခါထဲစစ်ဆေးခဲ့ပါလား အခုတော့ သောက်လုပ်ရှုပ်အောင်´
'ကျုပ်ပေါ့ဆလို့ဖြစ်တာ ဝန်ခံတယ် ကျုပ်အလုပ်ကိုကျုပ်သိတယ် အမိန့်တွေထပ်ပေးမနေနဲ့´
'နောက်အသစ်ဝင်လာတဲ့လူကိုလဲ အခြေအနေစောင့်ကြည့်ထားဦး သူ့ကိုလဲလျှော့တွက်လို့မရလောက်မဲ့ပုံပဲ။ fileတွေကိုရအောင်ယူပြီး အခြေအနေမဟန်ရင်တခါထဲရှင်းပစ်လိုက်´
'ကောင်းပြီလေ။ အဲ့အစား ဈေးပိုပေးရမယ်´
'လိုချင်တာသာရရင် မင်းတောင်းဆိုတာဖြစ်စေရမယ်´
Phချလိုက်ပြီးသည့်နောက် နံရံမှချစ်စရာကျောင်းသားလေးရဲ့ပုံကိုကြည့်ပြီး
'နောက်ထပ်မျက်လုံးလှလှလေးနဲ့တစ်ယောက်ပေါ့လေ´
ဘေးနားကပုလင်းငယ်တွင်မူ အထီးကျန်နေသော မျက်လုံးတစ်လုံးကတည်ရှိနေလေသည်။
..........
'အဝတ်တွေလှမ်းနေတာလား Toki´
သီချင်းလေးတညည်းညည်းနဲ့ နေရောင်ခြည်ကောင်းကောင်းရတဲ့ ဝရံတာလေးမှာ အဝတ်တွေကိုသေချာလှမ်းပေးနေသည်လေ။ YiXingက နာမည်မသိလို့သာ အလွယ် Tokiလို့ပေးထားပြီးမှ တကယ်ယုန်လုံးလေးနဲ့တူလာသူလေး။ အတင်းတောင်းပန်ပြီးသူ့ကိုကပ်ထားတာမို့ ကိုယ်ကလဲကားနဲ့တိုက်မိထားတာမို့ အိမ်အပြန်အပါခေါ်လာရခြင်းသာ။ စစရောက်ကတည်းက သူအမြင်ကြည်အောင် အိမ်အလုပ်တွေပဲလုပ်ပြီး အိမ်ထဲပဲအောင်းနေတာမို့ အပြင်ခေါ်ဖို့စဉ်းစားမိလိုက်သည်လေ။ လူပျောက်တိုင်တာတွေကို စုံစမ်းနေပေမဲ့ သူ့ကိုရှာနေတာကမတွေ့တော့ YiXingမှာ မိသားစုရှိရာကိုပြန်ပို့ဖို့ ခက်နေရသည်လေ။