Part.1
ကျမအရမ်းပျော်တယ်...အရမ်းလည်းရင်တေခုန်နေတယ်...ဘာလို့လဲဆိုတော့
မနက်ဖြန် ကျရင် ကျမအရမ်းချစ်ရတဲ့ hun နဲ့ လက်ထပ်ရတော့မာလေ...ဒါကြောင့်
ကျမအရမ်းပျော်တယ်....hun လည်း ကျမလိုပဲ အရမ်းပျော်နေမယ်ဆိုတာကို ကျမ.သိတယ်hun နဲ့ကျမက ဟိုး ငယ်ငယ်လေးထဲက အရမ်းကိုချစ်ကြပီး တယောက်တယောက်
နားလည်ပေးတတ်ကြတယ် ဘယ်သွားသွားအတူတူ ဘာလုပ်လုပ်အတူတူ
ကျမချစ်သလိုhun လည်းကျမကိုအရမ်းချစ်တယ်...hun ရဲ့မိဘတေကကျမမိဘတေနဲ့
အရမ်းကိုရင်းနှီးကြတယ် ပီးတော့ ကျမနဲ့ hun ကိုလည်း၂ဖက်မိဘတေကသဘောတူထား
ကြတယ်လေ...hun ရဲ့မိဘတေကအရမ်းကိုချမ်းသာကြတယ်..hunကတဦးတည်းသော
သားလိမ္မာလေးတယောက်ပါ.hunရဲ့အဖေရောအမေရောကhunကိုအရမ်းချစ်ကြတယ်
hun အဖေရဲ့လုပ်ငန်းက(OSH) ဆိုတဲ့နာမည် နဲ့အထည်စက်ရုံတေအများကြီး
ကိုပိုင်ဆိုင်တယ်လေ...ကိုးရီးယား မာ နံပါတ် ၁ .ပေါ့
်
ကျမမာတော့ အမေ မရှိတော့ဘူး.အဖေပဲရှိတယ်.ကျမရဲ့အမေက ကျမငယ်ငယ်လေးထဲက
နှလုံးရောဂါနဲ့သေဆုံးသွားတယ် အဲ့တုန်းကကျမအရမ်းကို ဝမ်းနည်းပီး အရမ်းပဲငိုခဲ့ရတယ်
ကျမအမေကို အရမ်းချစ်တယ် အမေတယောက်ဆုံးရူံးရတဲ့ ဘဝကအရမ်းကိုဆိုးတယ်
ကျမအတွက်အမေဟာ လမင်းကြီးလို လင်းဝန်းပီး..တောက်ပနေတဲ့ ကြယ်လေးတေလိုပဲ
အချိန်တိုင်းကျမကို ပျော်ရွင်မူတေနဲ့ အရာရာကို နားလည်ပေးနိုင်ပီးသိတတ်လိမ္မ္မာအောင်
ဆုံးမသွန်သင်ပြီးတဖက်သားအပေါ်မာချစ်ခင်မူအပြည့်နဲ့ကူညီမူတေပေးတတ်ရတယ်လို့
အမြဲပင်အပြုံးလေးနဲ့ ကျမကိုသွန်သင်ဆုံးမပေးတယ်...ကျမငိုရင် အမြဲလိုပင်.
သီးချင်းလေးနဲ့ချော့သိပ်တယ်...ကျမရဲ့လိုအင်ဆန္နတေကို ဖြည့်စည်းပေးတယ်..ဒါကြောင့်
ကျမအမေ့ကိုအရမ်းချစ်တယ်...အမေသေပီးတဲ့နောက်မာ တော့ ကျမစိတ်ညစ်တဲ့အခါ
ငိုနေတဲ့အခါကြရင် ကျမကို ပြာပြာသလဲ..နဲ့အရူးကြီးတယောက်လို.ကျမကို ပွေ့ဖက်ပီး.
ရယ်စရာစကားတေပြောတယ်...ရုပ်ရှင်တေထဲကလို လူရွှင်တော်တေလုပ်သနည်းအမူရာ
အမျိုးမျိုးနဲ့ကျမကို ရယ်အောင်လုပ်တယ်..ပီးရင် ကျမကြိုက်တဲ့ စတော်ဘယ်ရီရေခဲမူန့်ကို
ဝယ်ကျွေးတယ်.စကိတ်ပတ်စီးတယ်...နောက်ကျမလုပ်ခိုင်းတဲ့ဟာတေအကုန်လုံးကိုလုပ်
ပေးတဲ့သူကြီးလေ..ဒါကြောင့်ကျမသူ့ကိုအရမ်းချစ်သွားတယ်..သူလည်းကျမကိုအရမ်းချစ်တယ်
သူဟာ ကျမဘဝအတွက် အရမ်းကိုအရေးကြီးတဲ့သူတယောက်ပါ.သူနာမည်ကhun တဲ့လေ..