~အရှုံးပေးသော~

5.1K 538 48
                                    

Zawgyi

~အရှုံး​ပေး​သော~

ချောင်းငယ်​​လေးတစ်​ခု သည်​လည်း လမ်း​ပေါက်​ရာကိုတိုးလွှားရင်းနဲ့ ပင်​လယ်​ထဲကိုခက်​ခက်​ခဲခဲ စီးဝင်​ရတာ...

မျိုး​စေ့​လေးတစ်​​စေ့သည်​လည်းအ​မှောင်​ထုကို
အကြိမ်​ကြိမ်​အထပ်​ထပ်​ဖြတ်​​ကျော်​ပီးမှ အလင်း
ရဲ့​ဆေး​ကြောခွင့်​ကိုရတာ...

ကျ​တော်​က​ရော ကို့ရဲ့ ချိုမြိန်​​တဲ့အချစ်​စစ်​​တွေ
ရဖို့ ဘယ်​အရာ​တွေကို​ကျော်​ဖျတ်​ပီး ဘယ်​လို
အရာ​တွေကိုသည်းခံရအုံးမှာလဲ...

ဖြစ်​နိုင်​​ခြေရှိတဲ့အရာ​တွေကိုသာ သည်းခံနိုင်​စွမ်း
ပေးသနားပါ...ပထမဆုံးအကြိမ်​​တောင်းဆိုခြင်းသာ...

______________နှင်းဆီဝိုင်​____________

ဧည့်​ခန်းထဲတွင်​ စကားသံ​တေညံ​နေ​ပေမယ့်
ကျ​တော်​မပါခဲ့​ပေ...

ကို က စကား​တွေကိုမရပ်​မနား​ပြော​နေ​ပေမယ့်
ကျ​တော့်​ကိုကြည့်​မ​နေ...

ကျ​တော့်​ကို ဝိဥာဉ်​တစ်​​ကောင်​လိုသတ်​မှတ်​ထား
လေသလား...?

"Aww...ကိုယ်​ Roa နဲ့မိတ်​ဆက်​​ပေးရအူံးမယ်​..
Baekhyun လာ.."

ကို ​ခေါ်သံနှင့်​ ကျ​တော့်​ရှိရာကိုလက်​ယက်​​ခေါ်
လာ​သော ကို့​ကြောင့်​ ကျ​တော်​ ထိုစုံတွဲ​ရှေ့
ကိုသွားရမှာ ​ကြောက်​လန့်​မိသည်​...

တံခါးဝနားတွင်​ရုပ်​ထုပမာရပ်​​နေရမှ ကျ​တော့်
အ​သွေးအသားအ​ကြော​တွေ ကျဉ်​တက်​သွား၏..

ကျ​တော့်​ကိုဘယ်​လို​တွေများ မိတ်​ဆက်​​ပေးမှာ
လည်း...နည်းနည်း​လေးမှမျက်​နှာတစ်​ချက်​မပျက်
သော ကို့ ကိုကြည့်​ရင်း ကျ​တော့်​မျက်​နှာသည်
ထိန်းမရ​အောင်​ ပျက်​ရွံ​နေပြီ...

"အင်း....ကို...Park Chanyeol.."

နာမ်​စားတစ်​ခုက ပီးစလွယ်​ထွက်​သွားတာ..
အောက်​နှုတ်​ခမ်းတစ်​ခုလူံးကိုပြစ်​တင်​ ဖိကိုက်​ရင်း
ကြိုးစင်​နှင့်​တူ​သော ကို့ အနားကိုကျ​တော်​တိုးကပ်
သွားမိ၏..

နှင်းဆီဝိုင် ||CHANBAEK||[Completed] (ZG+Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ