ကျွန်တော့်ရဲ့ သူ (၆)

1.9K 169 7
                                    

ကျွန်တော့်ရဲ့ သူ (၆)

"Hi" ကျွန်တော်သူ့ကို ဒုတိယအကြိမ်ပို့ခဲ့တဲ့ စာလုံးလေးတစ်လုံးပါ။

သူ့ဆီက Reply မလာမှာလဲ စိုးရိမ်မိတယ်။ ဒါပေမဲ့ သူ့ဆီက Reply လေး ပြန်ရခဲ့ပြီး ကျွန်တော်တို့ သာမန် ခင်မင်မှုနဲ့စကားပြောတဲ့ ပုံစံမျိုးလေးပြောဖြစ်ခဲ့ကြပါတယ်။

:)

ကျွန်တော်နဲ့သူ တွေ့ဖို့ကံကတော့ နည်းနည်းလေးဖြစ်ဖြစ်လွဲခဲ့ပါသေးတယ်။

ပထမဆုံးတွေ့ဆုံမှုမတိုင်ခင်မှာ သူပါလာမယ့် Night Out အစီအစဉ်ကို ကျွန်တော် ရုံးကိစ္စတစ်ခုကြောင့် မသွားဖြစ်ခဲ့ပဲ လွဲခဲ့ရပါတယ်။

နောက်နေ့ပြန်ကြားရတော့ " အော် ငါဘာလို့မသွားလိုက်ရတာပါလဲ" လို့ ကိုယ့်ကိုယ်ကိုယ် သက်ပြင်းချခဲ့ဖူးသေးပါတယ်။

:D

ကျွန်တော်နဲ့သူ ပထမဆုံးတွေ့ဆုံမှုပါ။

ဟုတ်ကဲ့ .. ရင်မခုန်ပေမယ့် သူ့ကိုတွေ့ဖူးချင်တဲ့ စိတ်ကတော့ ပိုပိုသာသာရှိနေခဲ့ပါတယ်။

စနေနေ့ ညတစ်ညရဲ့ (၁၉)လမ်းလေးက ဆိုင်လေးတစ်ဆိုင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေအဖွဲ့နဲ့ သောက်နေကြရင်း သူတို့လှေကားကနေတစ်ဆင့်တက်လာခဲ့ကြပါတယ်။

စစချင်းသူ့ကိုမြင်လိုက်တုန်းက အော်.. ချစ်စရာလေးပါလား ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်..

:)

အဲ့ညတုန်းက ကျွန်တော်တို့ရဲ့ First Kiss ကဘယ်လိုဖြစ်သွားခဲ့လဲဆိုရင်...... 

ကျွန်တော့်ရဲ့ သူWhere stories live. Discover now