ဒီနေ့ ကောင်းကင်ကြီးက ပြာလဲ့နေတယ်။
မင်းကိုသတိရတယ်။သစ်ရွက်ကြွေတွေ လေမှာဝေ့နေတယ်။
မင်းကိုသတိရတယ်။
အိမ်နားက ကလေးတစ်သိုက် ဘောလုံးကန်နေကြတယ်။
မင်းကိုပဲ သတိရတယ်။
***************ဆယ်ဟွန်းတစ်ယောက် ဒီနေ့ကျောင်းပြန်တက်ရမှာကို အရမ်းပျော်နေသည်။အကြာကြီးစောင့်ဆိုင်းနေရသော ကျောင်းပိတ်ရက်တို့ကုန်ဆုံးသွားပြီး တက္ကသိုလ် တတိယနှစ်ကို ရောက်ရှိလာခဲ့ပြီ။သူများတွေအဖို့ ပြောင်းလဲသွားသောနှစ်ကလွဲ၍ မည်သည့်အဓိပ္ပါယ်မှ မသက်ရောက်သော်ငြား သူကတော့ တွေးရင်းတွေးရင်း ကြည်နူးရင်း။
*ဟို လုံးတုံးလေး ဒီအချိန်ဆို လေ့ကျင့်ရေးဆင်းနေလောက်ပါပြီ*
လက်မှနာရီကိုငုံ့ကြည့်လိုက်တော့ မနက်ခုနှစ်နာရီခွဲ
အိုခေ၊ဒါဆို သူအိမ်ကနေ စောစောထွက်လာတာ အရမ်းမှန်သွားတာပေါ့😎ဒါဆို ခနနေရင် ကျောင်းရောက်မည်။ပြီးရင် သူ့ရဲ့ အဖိုးတန်crush လုံးတုံးလေးကို အားရပါးရထိုင်ငမ်းမည်။ဟီဟိ
ဆယ်မိနစ်ခန့်ကြာပြီးနောက် ကျောင်းဝင်းထဲကို ခြေချလိုက်တယ်ဆိုရင်ဖြင့် အိုဆယ်ဟွန်းတို့မှာ ဝရုန်းသုန်းကားပြေး၊ဘောလုံးကွင်းနားရောက်မှ အသက်ကိုဝအောင်ရှူနိုင်တော့သည်။ ပြီးလျှင် အနည်းငယ်မျှပုံပျက်သွားသော ဆံပင်ကေအား လက်ဖြင့်အသာအယာပြင်ပြီးနောက် ကွင်းနှင့်မနီးမဝေးအနေအထားရောက်သည့် ခုံတစ်ခုံပေါ် ခြေချိတ်ကာ ထိုင်လိုက်သည်။ သူ့မျက်လုံးတွေကလည်း တစ်စုံတစ်ခုကို ကျီးကန်းတောင်းမှောက်လိုက်ရှာရင်း တစ်နေရာအရောက်မှာတော့ ရပ်တန့်သွားခဲ့သည်။
ဟောာာ ကြည့်စမ်းပါအုံး
ဒီလောက်ချမ်းစီးနေတဲ့ဆောင်းတွင်းကြီးမှာ နိမ့်ချည်မြင့်ချည်ပြေးလွှားရင်း ချွေးသံတရဲရဲနှင့် ဘောလုံးလေ့ကျင့်နေသည့် အနှီလူသား၏ပုံရိပ်သည် အိုဆယ်ဟွန်းဆိုသည့် သူ့ရင်အစုံကို လှုပ်ရမ်းခါနေသလားမှတ်ရသည်။
''ငါ့မနက်ခင်းလေးကတော့ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းနေရောပါပဲကွာ''

YOU ARE READING
Magical Love
Fanfictionအချစ်ရှိရာအရပ်တွင် အရာရာလှပသောကြောင့် ကြည်နူးခြင်းရာသီဥတုသာ ဖြစ်ပေါ်မည်💘