Part 2

273 33 2
                                    

Mysterious Destiny
Part 2

'မင်းသား ဒီနေ့ မင်းကျင့်ဝတ်တွေ သင်ပါမယ် စာအုပ်ဖွင့်ပါ '

ကျွန်တော့်ရှေ့မှာ ထိုင်ပြီး ကျွန်တော့်ကို စာအုပ်ဖွင့်ဖို့ ပြောနေသော သူဟာ Xiao Luhan သာ မဟုတ်ရင် ကျွန်တော် တစ်ခုခု ထိခိုက်အောင် လုပ်ပြီးပြီ ......

ကျွန်တော့်အသည်းလေးကိုတော့ မလုပ်ရက်ဘူးလေ ...သူနဲ့ စာသင်လာတာ တစ်လ နီးပါးရှိနေပြီလေ .သူဟာ ရုပ်ချောသလောက် စာသင်တာမှာလဲ အရမ်း ထူးချွန်တယ်လေ ...ဒါကြောင့်လဲ ဖခမည်းတော်က ကျွန်တော်ကို သင်ခိုင်းတာ ဖြစ်မှာလေ ...ကျွန်တော်လို စာသင်တာ ပျင်းတဲ့သူတောင် သူက ရအောင် သင်တတ်တဲ့ လူတော် တစ်ဦးလေ ...

ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ ...သူ တစ်ခုသင်ချင်ရင် ကျွန်တော် လုပ်ချင်တာ တစ်ခုတော့ သူလုပ်ပေးရတယ်လေ ...ဘယ်ရမလဲ Oh Sehun လေ ... ခုလဲ စာသင်ဖို့ လုပ်နေပြီလေ ..

'မသင်ချင်ဘူး '

'ဘာလို့လဲ မင်းသား နေမကောင်းလို့လား '

'ကောင်းတယ် ဒါပေမယ့် ကိုယ်တော် စိတ်ထဲ တစ်ခုခု လုပ်ချင်နေတယ် '

သူ့မျက်နှာက စိတ်ရှုပ်သွားဟန် ဖြစ်သွားပေမယ့် ချက်ချင်း ပြန်ပြင်လိုက်ကာ

'မင်းသား ဘာလုပ်ချင်တာလဲ '

'အင်း ပြောရမှာလား '

ကျွန်တော် ပြုံးစိစိနဲ့ မေးလိုက်သည် ...
သူက ခေါင်းငြိမ့်လိုက်ကာ ...

'ပြောပါ မင်းသား '

သူ့စကား ဆုံးဆုံးချင်း ကျွန်တော် သူ့ဘေးကို သွားလိုက်ပြီး

'ကိုယ်တော်နဲ့ ဒီည တူတူနေပေးပါ '

'ဟင် '

သူ့မျက်နှာ တစ်ခုလုံး ရဲတက်လာပြီး

'မင်းသား မသင့်လျော်ကြောင်းပါ ကျွန်တော်က သာမန် လူဖြစ်ပြီး မင်းသားက တော်ဝင်မျိုးမို့ မသင့်လျော်ကြောင်းပါ '

ကျွန်တော် ပြုံးလိုက်ပြီး

'ဆရာ Lu ကလဲ ကိုယ်တော်ပြောတာ ဒီည လကွယ်နေ့လေ ဒီလိုညဆို မကောင်းဆိုးဝါးတွေ ထကြွသောင်းကျန်တတ်တယ် ကြားဖူးလို့ ကိုယ်တော် ဆရာlu ကို စောင့်ခိုင်းတာလေ ဘာလဲ ကိုယ်တော့်အမိန့်ကို လွန်ဆန်တာလား '

Mysterious DestinyWhere stories live. Discover now