Luhanရဲ့ခြေတော်ရင်းမှာ ခစားလာတဲ့ လူသားတို့ဟာ အများအပြားရှိပါသည်။
တချို့က billionaireတို့ရဲ့သားတွေဖစ်သလို တချို့ကလည်း နိုင်ငံတော်က အလေးထားအသိမှတ်ပြုတန်းဖိုးထားရတဲ့ အားကစားသမားတို့လည်း ပါဝင်သည်။
မိန်းကလေး, ယောကျာ်းလေးပေါင်းများစွာရဲ့နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ အသည်းခွဲတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခပ်ချောချော play boyတို့လည်း ပါဝင်သေးသည်။
ဒါပေမဲ့ Luhanကတော့ မည်သူတဦးတယောက်ကိုမှ တုံ့ပြန်ခြင်းမရှိပါ။
ဘာမှမထူးခြားတဲ့နေ့ရက်တခုတွင် Luhanကိုလာရောက်ပိုးပန်းကြသူများနဲ့ ယှဉ်ပြောစရာမရှိလောက်အောင် Oh Sehunဆိုတဲ့ကောင်လေးတယောက်ဟာ Luhanရှေ့သို့ရောက်လာခဲ့ပါတယ်။
ဖယောင်တိုင်မီးများနဲ့ ကဗျာဆန်တဲ့dinnerမပါ... ရုပ်ရှင်လည်းမရှိ...ပန်းလည်းမပါ... နောက်ဆုံး ချစ်ကြောင်းကြိုက်ကြောင်းရေးထားတဲ့စာတိုလေးတခုတောင်မှမပါတဲ့ ရှက်ရုံပဲရှက်နေတဲ့ သာမန်ကောင်လေးတယောက်...။
ဒီပုံစံနဲ့ Luhanရဲ့attentionကိုရချင်နေတာ ကောင်လေး လောဘကြီးရာမကျလွန်းဘူးလား!?
" ကျနော်...ကျနော်... Luhanကို ...တကယ် သဘောကျတာပါ... ကျနော်တို့... ကျနော်.... ကြိုးစားခွင့်...ရမလား?... "
ခပ်ပါးပါးပြုံးလိုက်ပီး ပြောလိုက်တဲ့Luhanရဲ့အဖြေက
" ကြိုးစားကြည့်လေ..." တဲ့..
..
..နှစ်အနည်းငယ်အကြာမှာ Luhanရဲ့အိမ်တက်ပွဲကို ဖိတ်ထားတဲ့သူငယ်ချင်းတေလာကြပီး စကားပြောကြရင်း
" ဘာလို့ Sehunလဲ? သူကချစ်ဖို့ကောင်းတဲ့ကောင်လေးဆိုတာ လက်ခံပါတယ်.... ဒါပေမဲ့ သူက တခြားသူတေလိုဘာမှမရှိဘူးလေ!... သူက ချမ်းလည်းမချမ်းသာဘူး... အားကစားသမားလည်းမဟုတ်ဘူး... ချောတယ်ပြောရအောင်လည်း Sehunထက်ချောတဲ့သူတေအများကြီးရှိသေးတာပဲ... အဲ့ဒါကြောင့်... ဘာလို့ သူလဲ!? "
Luhanက ဘာမှမဖြေပါ...။
ထိုအစား မီးဖိုချောင်ထဲ sandwichအချို့ပြုလုပ်ဖို့ကြိုးစားရင်း အလုပ်ရှုပ်နေတဲ့ Sehunကိုသာ ကြည့်နေခဲ့ပါတယ်...။
°°••°°
YOU ARE READING
EXO Shippings : Mini - Stories
FanfictionYou can feel All OTP !! also your unseen OTP too ... Hope to enjoy~~