ဘာလိုလိုနဲ့ Tiffany နဲ့ Taengoo တို့ အတူတူ
နေလာတာ တစ်လပင်ကျော်ခဲ့ပြီ။
Tiffany အလွန်ကို စိတ်ပျော်ရွှင်ရပါတယ်။
Taengoo လေး သူမအနားမှာရှိနေတာ
သူမဘဝအတွက် ပြီးပြည့်စုံမှု့တစ်ခုလို့ ခံစားရတယ်။
တကယ်ပါ…Taengoo ဟာ သူမအတွက်ပါပဲ။
.
.
.
.
.
.
.
.
ဒီနေ့ဟာ Paris မြို့ရဲ့အထင်ကရဖြစ်တဲ့ပွဲတော်ရက်တွေထဲကတစ်ခု ။
Tiffany သူမအိမ်လေးထဲမှာ ကုတင်ထက်မှာ
ထိုင်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်
နေတယ်။ဒီလိုနေ့မျိုးမှာ အခြားသူတွေပျော်ရွှင်နေတာ
ကိုပဲ အဝေးကကြည့်နေရတဲ့ဘဝ။သူမလဲ ထိုလူတွေ
လို ပျော်ချင်တာပေါ့။မုန့်တွေအများကြီးစားမယ်။
ကစားစရာတွေကစားမယ်။လျှောက်ကြည့်မယ်။
သူငယ်ချင်းတွေ မိသားစုတွေနဲ့ ရောင်စုံမီးပန်းတွေ
အတူတူဖောက်မယ်။ အဲ့လိုဆန္ဒတွေရှိနေပေမဲ့
ဘာမှလုပ်လို့မရတဲ့ ကိုယ့်အဖြစ်ကိုတွေးရင်း
ရင်ထဲမှာ ဝမ်းနည်းလာရတယ်။
Tiffany မျက်ဝန်းအိမ်မှာ မျက်ရည်စတွေတွဲခို
လာတော့ ပါးပြင်ပေါ်မကျမိအောင် သူမရဲ့
မျက်တောင်ရှည်တွေကို တဖျတ်ဖျတ်ခတ်ပြီး
မျက်ရည်စတွေကို ထိန်းသိမ်းလိုက်တယ်။
အဲ့ချိန် သူမရဲ့ခန္ဓာကိုယ်လေးကို တစ်စုံတစ်ယောက်ရဲ့
ပွေ့ချီတာကို ခံလိုက်ရတယ်။
Tiffany လန့်သွားပြီးကြည့်လိုက်တော့
သူမရဲ့ပူတူတူးလေး Taengoo
Taengoo က ပြုံးပြနေတယ် သူမကို။
Taengoo က Tiffany ကို Wheel chair
လေးပေါ် တင်ပေးလိုက်တယ်။
.
Fany -" ဘာလုပ်မလို့လဲ?Taengoo "Tiffany သိချင်စိတ်နဲ့မေးလိုက်တယ်။