1

38K 1.2K 91
                                    

ပထမဦးဆုံးအ​နေနဲ့ Coverလုပ်​​ပေးတဲ့ KimTae_Nun ကို ​ကျေးဇူးတင်​ပါတယ်​လို့
ဒုတိယက
ဖတ်​​ပေးတဲ့ reader​လေး​တွေကို ​ကျေးဇူးတင်​ပါတယ်​လို့
ဒီFic​လေးဖတ်​ပြီး ခန​လောက်​ပဲဖြစ်​ဖြစ်​ အပန်း​ပြေပြီး ပြုံး​ပျော်​နိုင်​ရန်​ ရည်​မှန်းလျက်​ပါ......

Start👇👇👇👇
----------------------------------

"Kim Taehyung အဲ့ဒီမှာပဲ ​သေ​နေ​တော့ သိလား? ကြာရင်​ ငါမင်းကို ကန်​ချ​မိ​တော့မယ်​"

ကျ​တော့်​ဘာကျ​တော်​ ဆိုဖာ​ပေါ်မှာလဲပြီး ဂိမ်းဆော့​နေတာကို အဖိုးရီးက​တော့ ​လုပ်​​ပြီ။ တကယ့်​ လူ့ဂွစာကြီး Min Yoongi..။ သူ့အိမ်​မှာ ​ကပ်​နေတယ်​ဆိုပြီး သိပ်​​ဟောက်​တာပဲ။

"hyungကလည်း ကျ​တော်​ ဘာလုပ်​လို့လဲ"

"ဘာမှမလုပ်​လို့​​ပြော​နေတာကွ။ ငါက ဒီမှာ မင်းမြိုစို့ဖို့ ချက်​ပြုတ်​​နေရတယ်​။ မင်းက​တော့ ဇိမ်​ကျ​နေသိလား ကူညီမယ်​မရှိဘူး သွား Daeguပြန်​​တော့"

"hyungကလည်း ကျ​တော်​က မလိုဘူးထင်​လို့ပါ..ဟီး"

"$£$€#%^&£€®"

စုံစိ​နေ​အောင်​ဆဲတာများ တကယ်​ တကယ်​ ကျ​တော့်​အစ်​ကိုမို့လို့ သည်းခံ​နေတာ။ ကျ​တော်​တို့က Daeguဇာတိ ညီအစ်​ကိုဝမ်းကွဲ​တွေ​လေ။ သူက ​အောင်​မြင်​​နေတဲ့ Studioပိုင်​ရှင်​၊ ကျ​တော်​က သူ့အိမ်​မှာကပ်​​နေရတဲ့ final​ကျောင်းသား​လေး။ အဲ​တော့ နဲနဲအနှိမ်​ခံရတာ​ပေါ့။ ​အဟီး...အလကားစ,တာရယ်​။ Min Yoongiကြီးကြားရင်​ ထသတ်​လိမ့်​မယ်​။ ကျ​တော်​မှာ ဆိုးသွမ်းတာဆိုလို့ အလိုက်​မသိတာ​လေး တစ်​ခုထဲရှိတာပါဗျာ။

အ​မေက​တော့ ​ပြောတယ်​။ ကျ​တော်​တို့နှစ်​​ယောက်​က ဆီနဲ့​ရေတဲ့။ မိုးနဲ့​မြေတဲ့။ ပိုဆိုးတာက နံ့သာဆီနဲ့ အီးတဲ့။ ရွံစရာရီးဗျာ။ ကျ​တော်​က အီးဖြစ်​စရာလား။ သူက ကျ​တော့်​ထက်​ကြီးတယ်​​လေ။ ​ကျောင်းပြီးလို့ အလုပ်​အကိုင်​လည်းရှိ​နေပြီကိုး။ ကျ​တော်​က ​ကျောင်းသားပဲ ရှိ​သေးတာကိုလို့။ ကွာမှာ​ပေါ့ မဟုတ်​ဘူးလား။

You will be ((Completed))Where stories live. Discover now