20

6.6K 585 104
                                    

စားချင်​တာ မစားရ၊ သွားချင်​ရာမသွားရ။ ဒီဘ၀ကြီးကို စိတ်​ကုန်​မိတယ်။ ချစ်​ကွတ်​ဆိုတဲ့ ကျ​တော့်​ချစ်​သူဆိုတာမျိုးကလည်း အကဲပိုပြီး ​နေ​ကောင်း​ပြီဆိုတာ​တောင်​ စိတ်​မချဘူးဆိုပြီး ဇွတ်​အတင်းကို ​ဆေးရုံမှာ ​နေခိုင်းထား​တော့တာ။
Yoongi hyungတို့လည်း မရှိဘူးဆိုတာက အ​ကြောင်းပြ​သေး။ အဲ့ဒီအတွဲကလည်း ဘယ်​​ချောင်​မှာဘယ်​လို​ပျောက်​ပြီး ဘယ်​လိုသာယာ​နေလဲမသိ။ အဆက်​သွယ်​မလုပ်​ပုံများ ​ပြော​ကောင်းဆို​ကောင်း ကျ​တော်​​လေး ​ချစ်​ကွတ်​နဲ့ ခိုး​ပြေးကြည့်​ သိ​တောင်​သိမှာမဟုတ်​ဘူး။

ထားပါ​လေ။

အခုဆို ​ဆေးရုံမှာ ကျ​တော်​တစ်​​ယောက်​ထဲ ဘယ်​​လောက်​ထိပျင်းရလဲ။ ချစ်​ကွတ်​ကလည်း မနက်​တစ်​ခါလာပြီး studioသွားတာ ညမှပြန်​​ပေါ်လာတယ်​။ အချစ်​လွန်​ပြီး တစ်​​ယောက်​ခန်းယူထား​ပေး​တာက ပိုဆိုး။ အ​ဖော်​မရှိပဲ တီဗွီကြီးပဲ အ​ဖော်​လုပ်​​ရတယ်​။

မျက်​စိ​တွေကိုက်​လာရင်​ အပြင်​ဖက်​ကို​ငေးရင်း စာ​တွေ၊ကဗျာ​တွေထိုင်​​ရေးဖြစ်​​နေတာ လူ​တောင်​ ကဗျာဆရာရုပ်​​ပေါက်​လာသလားပဲ။ ​ဆေးရုံကို ဟိုတယ်​လို အ​ပျော်​လာတည်း​နေရတဲ့ အဖြစ်​ကလည်း ဆိုးပါ့။

"Taehyung​လေး!! ​နေ့လည်​​ဆေး​သောက်​ရ​အောင်​"

သူနာပြုဆရာမကြီး ၀င်​လာတဲ့အခါ ​ရေးလက်​စစာအုပ်​ကို ချပြီး ပြုံးပြလိုက်​တယ်​။

"Jungkook​လေး မလာ​သေးဘူးလား"

"မလာ​သေးဘူး အဲ့လူကြီးက အဲ့လိုပဲ လူကိုပစ်​ထားတာ"

ကိုယ့်​အ​မေ၊ ကိုယ့်​အစ်​မလိုဖြစ်​​နေတာမို့ သူနာပြုဆရာမကြီးက ကျ​တော်​တို့အ​ကြောင်းကို သိသည်​။

Jeon Jungkookဆိုတာကြီးကလည်း တိုတယ်​ တိုတယ်​ အူတိုတယ်​ဆိုတာ သူနာပြု​တောင်​ ငယ်​ငယ်​​လေး​တွေ ကျ​တော့်​ဆီမ၀င်​ရဘူးဆိုပြီး သူနာပြုဆရာမကြီးကို အတင်းဂျီကပ်​ထားတာ။

စဉ်းစားကြည့်​​လေ​နော်​။ သူ့ဟာကို ဘယ်​သူကနှိုက်​စားမှာမို့လို့တုန်း။ ကျ​တော်​က​ရော ​မော်​ဒယ်​​လိုဟို​ပိန်​ပိန်​​သေး​သေး သူနာပြု​တွေကို စိတ်​၀င်​စားမလား။ ကျစ်​ကျစ်​လစ်​လစ်​ ​​တောင့်​​တောင့်​​ဖြောင့်​​ဖြောင့်​ သူတစ်​ယောက်​လုံးရှိနေတဲ့ဟာကို။

You will be ((Completed))Where stories live. Discover now