(ဈာပန အခမ်းအနား)🌼🌼🌼
ဓာတ်ပုံဘောင်အတွင်းအပြုံးကိုယ်စီဖြင့် မိမိကို ကြည့်ပြီးပြုံးပြနေသယောင်။အဖေနဲ့ အမေတို့ရဲ့ ဈာပန အခန်းအနားကို ကျနော်အခုတာဝန်တစ်ခုအနေနဲ့ လုပ်နေရပြီ။
အိုမားနဲ့ အာ့ပါး သိရဲ့လား? သည်အခြေအနေကို ကျနော် ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။ ရောက်လာမယ့် အိုမားနဲ့ အာ့ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်လေးကိုပဲ ကျနော်တွေးနေမိခဲ့တာ။ အခုတော့ စိတ်ကူးနဲ့ လက်တွေ့နဲ့တခြားစီဖြစ်နေခဲ့ပြီ။ ကံကြမ္မာကိုပဲအပြစ်ဖွဲ့ရမလား။ဒါမှမဟုတ် မတော်တဆဖြစ်စေခဲ့တဲ့ အဲ့ဒီ လူနှစ်ယောက်ကို အပြစ်ဆိုရမလား။ မား!ကျနော့်ကို ပြောပြပေးပါ။ ကျနော် ရင်ထဲကဒဏ်ရာကိုဘယ်လိုဖြေဖျောက်ရမလဲ?ပြောပြပေးပါ မား။ စိတ်သဘောထား ကောင်းတဲ့ မား ကပြောပြပေးပါ။ကျနော်ရှေ့ဆက်ဘယ်လိုနေထိုင်ရမလဲ?ပြောပြပေးပါ။ ရင်ထဲ...နာကျင်စွာခံစားရသည်။ခေါင်းများပေါက်ကွဲထွက်မတက်ကိုက်ခဲနေသည်။ ပူနွေးသောမျက်ရည်များပါးပြင်ထက်အဆက်မပြတ်စီးဆင်းကာကျနေလေပြီ။"သားလေးsoo....နာကျင်မှုတွေကို မျက်ရည်အဖြစ်ပြောင်းလဲပစ်မှသက်သာလိမ့်မယ် .... ငိုချင်ရင်ငိုချလိုက် မား !ရှိတယ်နော် ဟောလိုလေးသားကိုဖက်ထားမယ် မား!ရဲ့ရင်ခွင်နဲ့ sooလေးရဲ့မျက်ရည်ကိုဘယ်သူမှမမြင်အောင်ကွယ်ထားပေးမယ် ငိုချလိုက်ပါ.....။''
အလယ်တန်းကျောင်းသားဘဝတုန်းက အချစ်ဆုံးသူငယ်ချင်းရေနစ်သေဆုံးခဲ့ရခြင်းကြောင့်န်ာသေမတက်နာကျင်ခဲ့ရဖူးသည်။
အခုလည်းတစ်ဖန် ထိုနာကျင်မှုထက်အဆပေါင်းများစွာနာကျင်နရသည်။
အခုချိန်မှာကျနော့်မျက်ရည်တွေ လူတွေအားလုံးမြင်နေရပြီလေ။'မား'
"ဂျောင်ဆူး စိတ်ထိန်းပါ''
ကျနော်ရှိုက်ငိုနေတာမြင်တော့ ဘတ်ဟွန်း ကသတိပေးနေလေသည်။ လူကြီးလူကောင်းတွေကို တာဝန်တစ်ရပ်အနေနဲ့ ဧည့်ခံရမည်မဟုတ်ပါလား။ငိုနေလို့တော့ဘယ်ဖြစ်မှာလဲ။ အသက်ကို ဝဝရှူကာ ပြန်ထုတ်လိုက်သည်။ စိတ်ကိုပြန်ထိန်းကာ ရပ်ကာနေလို်က်သည်။
YOU ARE READING
A Place For Me (complete) : Z&U
Fanfictionငါ့အတွက် နေရာတစ်ခု Chanyeol ✔ Do kyung soo ✔ Baek hyunee စိတ်ကူးနဲ့ လက်တွေ့ ဘ၀တွေဟာ ကွာခြားလွန်းတာကြောင့် နာကျင်မှုကသာ ငါတို့ရဲ့ရင်ထဲ အစဉ်အမြဲတည်ရှိနေမှာလား ဟင်...? မင်းပြောကြည့်လေ.........။ Start >>2017, March 🌿 End>>2018 ,May