ဆောင်းရာသီဝင် ကာစမို့ ရာသီဥတု
က အေးစိမ့်စိမ့်ဖြစ်လာနေ သော်လည်း
စာသင် ခန်းထဲမှာတော့ heater
ဖွင့်ထားတာကြောင့်ရော လူငွေ့တွေ
ကြောင့်ရောပါ နွေးနေသည်။
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့်
ဆရာတောင် နှုတ်ဆက်စကားမ ပြော
ရ သေးဘူး Oh Sehunတို့ပစ္စည်းတွေ
ကောက်သိမ်းနေပြီ။ ဆရာအတန်း
ထဲက ထွက်သွားသည်နှင့်
Sehun လှစ်ကနဲ နောက်နှစ်ခုံကျော်ဆီရောက်သွားသည်။
"Kim Kai ငါ ဒီညမင်းဆီလာမယ်
ဟိုနေ့က ဆော့လက်စgame
ဆက်ဆော့ရ အောင်"
Kai က တော့ ထုံးစံအတိုင်း
မထုံတတ်တေး။
"အေး"
"ဒါမှမဟုတ် တခြားတစ်ခုဆော့မလား?"
"မ ဆော့ချင် ဘူး"
"ပြီးရော ညကျမှတွေ့မယ်"
Kaiကို လက်ပြနှုတ်ဆက်လိုက်ပြီး
သူ့ကိုစောင့်နေတဲ့ Kyungsooနဲ့
Baekhyunဆီ လျှောက်သွားလိုက်သည်။
သူ့အိမ်နဲ့ Kaiအိမ်က တစ်လမ်းတည်း
မှာဆိုပေမဲ့ ကျောင်းသွားကျောင်းပြန်
အတူ မလုပ်ကြပါ။ ကျောင်းမှာ
သေချာစကားတောင် မ ပြောဖြစ်။
Kai ကလည်း သူ့အ ပေါင်းအသင်းနဲ့သူ။
Sehunကလည်း သူ့အုပ်စုနဲ့သူ။အဲလိုဆိုပြီး သူတို့ကို မရင်းနှီးဘူး
မထင် ပါနဲ့။ ဟိုးကစားတတ်စ
အရွယ်တည်းက သူတို့နှစ်ယောက်က
ကစားဖော်ကစားဖက်ဖြစ်လာခဲ့ကြတာ။
ငယ်စဉ်တုန်းက အိမ်နီးချင်း၊ကစားဖော်
ကစားဖက်။
သိတတ်လာတဲ့အခါမှာတော့
သူငယ်ချင်းတွေ။
YOU ARE READING
Colors of Love
FanfictionTitle - Colors of Love Characters - Sehun,Kai,Luhan,Kyungsoo,Baehyun,Chen Main Characters - Sehun,Kai,Luhan Pairings - SeKai,HunHan Genre - Romance,Student life,Mini fic,Yaoi Language - Myanmar Based on the story of Chizuru Yoshida,Ryu Sanada and To...