Chanyeol နဲ့ Baekhyun ရဲ့ မင်္ဂလာ နှစ်ပတ်လည် နှစ်နှစ်ပြည့်ဖို့ အချိန်က နီးကပ်လာပြီ ။
မကြာသေးခင်မှာပဲ ဒီနှစ်နွေဦးက ကုန်တော့မယ်လေ ..
ဒါကို ကြိုသတိထားမိနေတဲ့ Chanyeol က သူသိပ်ချစ်ရတဲ့ Baekhyun ကို surprise ဖြစ်စေချင်နေတယ် ။
သူ Baekhyun အပေါ်မှာ ဘယ်လောက်ချစ်ကြောင်း နဲ့ Baekhyun က သူ့အပေါ်အိမ်ထောင့် တာဝန်တွေကျေပွန်တာကြောင့် ဘယ်လိုကျေးဇူးတင်ကြောင်းကိုလဲ ပြချင်တယ် လေ
ဒါကြောင့်လဲ Chanyeol က တခါတရံ Baekhyun နဲ့ အရင်လို တီတီတာတာတွေ အချိန်မပေးနိုင်ပဲ တစ်ပတ်လောက်ကတည်းက တစ်ယောက်တည်း ကြိုတင်ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေတတ်သေးတယ်
Chanyeol စိတ်ထဲမှာတော့ သူတို့ရဲ့ ပထမဆုံးကျင်းပနိုင်မယ့် နှစ်ပတ်လည်ကို Baekhyun ကို အရမ်းပျော်ရွှင်သွားစေချင်တာပါပဲ
ပထမဆုံး တခါ နှစ်ပတ်လည်တုန်းကလည်း Baekhyun က မိဘအိမ်မှာ ရှိနေတာဆိုတော့ မလုပ်ပေးနိုင်ခဲ့လို့ ဒီတခါ သေချာလုပ်ပေးချင်တာလဲ ပါမှာပေါ့
ဒါပေမယ့် တခါတရံ အလုပ်ရှုပ်လွန်းတာတွေ အိမ်ပြန်နောက်ကျတာတွေ နှစ်ရက်သုံးရက်ဆက်လာတဲ့ Chanyeol ကြောင့် Baekhyun စိတ်မှာ ဂဏာမငြိမ်ဖြစ်ရသေးတယ် ..
Baekhyun ထင်တာက Chanyeol မှာ stress တခုခုရှိနေတယ် ဒါကလည်း လုပ်ငန်းနဲ့ ပတ်သပ်ပြီးတော့လို့ ထင်ခဲ့တယ်
တနေ့မှာတော့ Baekhyun က Chanyeol စာဖတ်နေတဲ့ အနားကို တိုးပြီး Chanyeol နှုတ်ခမ်းလေးတွေကို ငြင်သာစွာနမ်းလိုက်တယ် ..
ပြီးတော့ Chanyeol ပေါင်ပေါ်မှာ ထိုင်နေရင်း Chanyeol ကိုမော့ကြည့်ကာ" Yeol .. မင်းသိလား မင်းမှာ ပြဿနာ တခုခုရှိနေရင် ငါ့ကိုပြောပြလို့ရတယ်နော် .. ဘယ်လိုပဲဖြစ်ဖြစ်ငါက မင်းရဲ့ ယောက်ျားလေ ငါ့ကိုလည်း မျှဝေခံစားခွင့်ပေးပါ .. ငါမင်းနဲ့ အတူတူ လက်တွဲပြီး ရင်ဆိုင်ရတာ သဘောကျတယ် "
လို့ ပြောတယ် ..အဲ့ဒီတော့မှ Chanyeol က ခပ်တိုးတိုးရီပြီး Baekhyun နှုတ်ခမ်းလေးကို နမ်းကာ
" အင်း .. ကိုယ်သိတာပေါ့" လို့ ပြန်ပြောတယ်
YOU ARE READING
Anniversary [ only one episode]
FanfictionCasts - Chanyeol as Yeol -Baekhyun as Baek -sweet / romance 🍃