♡ ♥ Love You ♥ ♡
♥ ♡ Hyung ! Notice me !!! ♥ ♡
"Suho ya.. Yixing ya ... မင်းတို့ Crush
လေး ဘာလေးထားပါ့လားကွာ
မင်းတို့ကြည့်ရတာ ဘဝကြီးကအထီးကျန်ဆန်
လိုက်တာ Crushလေး ရည်းစားလေးရှိမှ
ဘဝလေးက သာယာတာကွ ငါHyungနဲ့ ချစ်သူ
တွေဖြစ်သွားရင် မင်းတို့ကျန်ခဲ့မှာဆိုးလို့နော် 😊 "
ဤသည်ကား သူတို့ဝိုင်းနှင့် သုံးဝိုင်းလောက်သာ
ဝေးသောနေရာတွင် ထိုင်နေသော KyungSoo
အားကြည့်၍ပြောလိုက်ချင်းဖြစ်သည် ။
သို့သော် ...ဘယ်ကတည်းကဗိုက်ဆာနေမှန်းမသိ
ထမင်းစားချိန်တွင်
ကျောင်းကန်တင်းမှထမင်းဟင်းများကို
နင်းကန်ထည့်လာပြီး ပလုတ်ပလောင်းစားနေသည့်
Suho နှင့် ထမင်းစားလိုက် အိပ်ငိုက်လိုက်လုပ်
နေသည့် Yixing တို့ကတော့ သူ့စကားအား
အဖတ်တောင်မလုပ်နိုင်ကြ
"Xing မင်းကိုလေ ဟိုဘက်ခန်းက SungJiက
ကြိုက်လို့တဲ့ ငါ့ကိုလာပြောခိုင်းနေတယ်
ပြန်ကြိုက်လိုက်ပါ့လားဟင် "
" Huh? Suho ဘာဖြစ်လို့လဲ "
အိပ်ချင်မူးတူးနှင့်နိုးလာလေသည် ။
"Suho အကြောင်းပြောနေတာမဟုတ်ဘူး
မင်းရည်းစားရဖို့ပြောနေတာ "
"မထားပါဘူးကွာ ရှိပြီးသားပဲကို "
"ဘာ 😳 မင်းငါ့ကိုလျှိုထားတာလား
ပြောစမ်း ပြောစမ်း ဘယ်သူလဲ "
"မင်းကိုက ကန်းနိုင်လွန်းတာ ပတ်ဝန်းကျင်ကို
ဂရုစိုက်ဦးကွ -_- ကိုယ့်ဘာသာ မြင်အောင်ကြည့်"
YOU ARE READING
Hyung ! Notice Me !!
FanfictionFor me "Hyung !Notice Me !! " #Dika #DoKyunSoo #KimKai #CuteRelationship