Ep 10

316 27 0
                                    

အခန်းထဲသို့ပြန်ရောက်လာသော အခါ
ပြေးလာ၍လားမသိ နဖူးတွင် ချွေးစများစို့လျက်
မောနေသည့် အချိန်မှာပင် ကြည့်ကောင်းနေသော အနှီလူသား Chanyeol ကို သူသိပ်ကြည့်မရချင်တော့

Yeol နောက်က ပါလာသော ဆရာဝန်ကြီးတွေကတော့ အနားလာပြီး စစ်ဆေးကြလေ၏

Chanyeol တစ်ယောက်ကတော့ သူ့အသံမထွက်ပါဘူးဆိုပြီး ငိုချင်းချနေသေး၍ သူ့မှာမဟုတ်ကြောင်း အားမရှိတဲ့ကြားက ခေါင်းခါပြရသေးသည်။ အဲ့ဓာတ်တိုင်ကြီးကတော့လေ ထင်ရာတွေပြောရမယ်ဆို ထိပ်​ဆုံးက

ဆရာဝန်ကြီးက ရင်ဘတ်ကိုစမ်း မျက်လုံးဖြဲကြည့် အစရှိသည့် လုပ်ဆောင်ဖွယ်ရာများလုပ်ပြီးသကာလ ကျွန်တော့်ကိုမေးသည်

Doctor:"အသက်ရူမဝတာမျိုး ရင်ဘတ်ထဲကအောင့်နေတာမျိုးရှိသေးလား"

"မရှိပါဘူး"

ထွက်သွားသည့် အသံလေးကတိုတိုးလေး ထိုစကားလေးထွက်ဖို့တောင် မနည်းအားစိုက် လိုက်ရသည်။

နောက်ဟိုဓာတ်တိုင်ကတော့ သူစကားပြောနိုင်ပြီဆိုပြီး ပြုံးပျော်နေလျက်
မသိလျှင် ကိုယ်ကပဲ အရင်က အ နေတာလိုလို

စမ်းသပ်ပြီး ဆရာဝန်ကြီးထွက်သွားခါနီးကျမှ ommaတို့ ရောက်လာလေသည်။ ကြည့်ရတာ ဆရာဝန်တွေသွားခေါ်တုန်းကဖုန်းဆက်လိုက်တယ်ထင်တယ်

Suho: သားလေး chanyeol နေရတာအဆင်ပြေရဲ့လား အရမ်းကြီးစိတ်မပူပါနဲ့ baekbaekလေးက သတိပြန်ရလာပြ်ီပဲ သိပ်မကြာခင်ဆေးရုံဆင်းရတော့မှာပါ
သားလေးဆေးရုံပြန်တက်နေရမှ ဟုတ်ပေ့ဖြစ်နေမယ် ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး

ဟုတ်ကဲ အထက်ပါ ချစ်ခင်ဖွယ်ရာကောင်းလှသော စိုးရိမ်စကားများကို ပြောဆိုစိုးရိမ်ပေးနေတာ ကျွန်တော့်ရဲ့ ချစ်လှစွာသောမွေးမိခင်ကြီး omma suhoပါဗျာ

ဘယ့်နှယ် ဆေးရုံတက်ရတာ ကျွန်တော်
နှစ်ပတ်ကျော်သတိမေ့နေခဲ့တာ ကျွန်တော်
ခုမှသတိပြန်ရလာတာ ကျွန်တော်
အဲ့တာကို သူ့ရဲ့ ဝမ်းမနာသားကို ပိုပြီး အစိုးရိမ်ကြီးပြနေတယ်လေ

တကယ်ဝမ်းနည်းတယ်

Fan: မိsuho ညည်းအဲ့ဒီ ဘာမှမဖြစ်တဲ့ ဓာတ်တိုင်ကြိးကို ပစ်ထားခဲ့ပြီး ဒီသားလေးကိုလာကြည့်စမ်း
ဒင်းက ဘာမှမဖြစ်ဘူး အသက်နဲ့အဝေးကြိး
ဒီကလေးက ခုမှသတိရလာတာကို သားကျော် သားမက်တော်လွမ်းနေတယ်
လာခဲ့ဒီကို

သားလေးရောနေသာရဲ့လား
နေရတာအဆင်မပြေတဲ့နေရာရှိသေးလား
ရှိရင်ပြောနော်သား

ခေါင်းကို ခပ်လေးလေးသာ ခါပြလိုက်သည်
တကယ်လည်း အားမရှိလို့ လူကနုံးချိနေတာကလွဲရင်
အားလုံးကအဆင်ပြေနေသည်ပဲ

ထိုစဉ်သူ့နားလေးကို သူရောက်လာပြိး
တိုးတိုးလေးကပ်မေးသည်
ခုဏကဘာပြောလိုက်တာလဲဟင် တဲ့

ဟင့်အင်း သူမှကြားအောင်နားမထောင်ခဲ့ပဲ
ကျွန်တော်ပြန်မပြောချင်ဘူး
သူ့ဘာသာသူ သိအောင်လုပ်လာမယ့်တစ်နေ့ကိုပဲ ကျွန်တော်စောင့်နေမယ်

သေချာပါတယ် သူကျွန်တော်ပြောလိုက်တဲ့
အရမ်းချစ်တယ် ဆိုတဲ့ စကားကို တစ်နေ့နေ့တော့ သိလာမှာပါ

©©©©©®®®®®©©©©

လွမ်းတာပေါ့
သတိမရတဲ့အတောအတွင်း
ကိုယ့်ကိုကိုယ် ပါပျောက်ဆုံးနေတဲ့ထိ
ဒါပေမယ့် ကိုယ့်အချစ်တွေကို
ဥပက္ခာပြုခံရမှာစိုးလို့
ကိုယ်ဖုံးကွယ်ထားခဲ့တာ

©©©©®®®®®®©©©©

Tbc

Exo K+Exo L+Exo M= One
Saranghae exo
We are one
❤❤😍😍😘😘

My Sweety Darling; My Liner BabyWhere stories live. Discover now