👟Best friend forever👟

177 13 2
                                    

မနက်ခင်းနေရောင်ခြည်ကမင်းထွဋ်ခေါင်ကို နှိုးပေးတဲ့နှိုးစက်တလုံးလို..
ခန်းဆီးကတဆင့် နေရောင်ခြည်စူးစူးရှရှက မျက်နှာပေါ်က ရှည်သွယ်နေသောနှာတံ နှင့်လိုက်ဖက်မှုရှိသော နှုတ်ခမ်း. မေးရိုးထောင့်ကျကျတို့ကို မီးထိုးပြသလို
မဲနက်နေသောမျက်လုံး တို့ကိုလည်း ပွင့်အာလာစေသည်....
"အာ"
နေရောင်ခြည်ကြောင့်မျက်စိကိုအတင်းပိတ်ပြီး လက်ဖြင့်ကာထားသောလည်းပြန်အိပ်လို့မရတာတော့သေချာနေသည်
ဘေးနားကဘယ်အချိန်မြည်သွားမှန်းမသိတဲ့
နာရီကတော့7နာရီဆိုတာကို ပြနေသည်
"ဟာ!သေရော ကျောင်းနောက်ကျပြီ"
အိပ်ယာကနေကုန်းရုံးထကာရေချိုးခန်းထဲသွား၍သွားတိုက် မျက်နှာကိုရေဆွတ် ပြီး အလျှင်အမြန်အင်္ကျီကောက်ဝတ် လွယ်အိတ်လွယ် ဘီစကွတ် ၃ချပ်လောက်ပါးစပ်ထဲကောက်ထည့် ဒေါ်လေးလည်းမရှိဘူးထင်တယ်
"ကျောင်းကားတော့မမှီဘူးကွာ ကျွစ်"
Taxiသာငှါးလိုက်ရလေသည်

RT Private school ဆိုင်းဘုတ်အောက်မှာ  ဂိတ်ဖွင့်ထားသော်လည်း ကျောင်းအုပ်ကြီးစောင့်နေမှာမလွဲ
"ကျွစ် ကွက်တိ"
ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရတော့မည်
ကျောင်းအုပ်ကြီိးကြိမ်လုံးနဲ့မနက်တိုင်း နောက်ကျသူကို အမြဲစောင့်သည်
မင်ထွဋ်ခေါင်ကိုမြင်တော့ မျက်မှောင်ကျုံ့ထားလိုက်သည်
"မင်းထွဋ်ခေါင် ကျောင်းနောက်ကျပြန်ပြီလား
အမြဲတမ်းကျောင်းနောက်ကျနေတယ် ဝိရိယကိုမရှိဘူး"
"နောက်မဖြစ်စေရပါဆြာကြီး"
ခေါင်းကိုသာငုံ့ထားရသည်
ဘာမှဆက်မပြောတော့ မေ့ချင်ယောင်ဆောင်ပြီးဝင်မယ်အလုပ်
"မေ့သွားပြီလား လက်ပေး"
သေရော
လက်လျှော့လိုက်ရတော့သည်
လက်ဖဝါးတောင်ယောင်သွားသလို
နီမြန်းသွားလေသည် စပ်ဖျင်းဖျင်းနဲ့
အတန်းထဲကိုသာပြေးလာလိုက်ပြီး
နေခြည်ဦးတို့ရှင်းသန့်နိုင်တို့တောင်ရောက်နေကြပီ
တွေ့ပါပီ အရမ်းကိုတွေ့ချင်နေ သူလေး
မျက်လုံးတောက်တောက် စိမ်းလဲ့လဲ့မျက်လုံးလေး
မျက်ခုံးကလေးကိုင်းပုံလေး နှုတ်ခမ်းပါးလှပ်လှပ်လေးက ရင်ခုန်ဖွယ် V ပုံသဏ္ဍာန်မေးရိုးက ထင်းနေတာပဲ သူ့ကိုလှည့်ကြည့်နေပုံက လှပလွန်းသည်
ခန္ဓာကိုယ် သေးသေးလေး
ကိုမြင်လိုက်တယ်ဆိုရင်ပဲ နှုတ်ခမ်းများသူ့အလိုလိုပြုံးသွားရသည်
သျှားထက်ပိုင်......
သူ့နဲ့ငယ်ငယ်လေးထဲက ခု၉တန်းအထိပေါင်းလာတဲ့တလျှောက် သူ့ကိုအရမ်းချစ်ခင်မိတယ် သူငယ်ချင်းထက်ပိုပြီးပေါ့
သျှားထက်နိုင်ဘေးမှာဝင်ထိုင်လိုက်ပြီ
"ဆရာမလာသေးဘူးလား?"
"Hahhahahahahaahha"
အကုန်လုံးထရယ်လိုက်တော့ မင်းထွဋ်ခေါင်လည်းကြောင်တောင်တောင်နဲ့ပင်
" ဟုတ်သားပဲငါနောက်ကျနေတာကို"
"ဆရာကထွက်တောင်သွားပြီ ခုမှတရေးလာနိုးနေတာကို"
နေခြည်ဦးကလည်းစစနောက်၂နဲ့ပဲပြောလိုက်ကို
မင်းထွဋ်ခေါင် စိတ်ညစ်သွားတယ်
သျှားက" ငထွဋ် ဘယ်နချက်အရိုက်ခံလိုက်ရသေးလဲ"
မင်းထွဋ် ကိုနေ့စဉ်မေးနေကြပင်
"ထုံးစံအတိုင်း"
ခပ်ပြတ်ပြတ်ပဲပြောလိုက်သည်

သျှားကပဲ ဟိုဘက်လှည့်နေသောရှင်းသန့်နိုင်ကို" ရှင်းသန့်နိုင် ငြိမ်လှချေလား
နေခြည်"အာ့ကောင် နေတိုင်းငြိမ်တာကို မင်းကလဲ"
နေခြည်ဦးစိတ်မရှည်ပေ......
ရှင်းသန့်နိုင်ဘာမှဝင်မပြော
ရှင်းသန့်နိုင်က စာတော်တယ် သူကတစ်နှစ်ပိုကြီးတယ် အရမ်းအေးတယ်
ရှင်းသန့်နိုင် ကမျက်ခုံး ကျဲပြီးသဘာဝဆန်တယ်
မျက်လုံးက လေးထောင့်ကျကျ နှာတံကရှည်ရှည်လေး နှုတ်ခမ်းကမိန်းခလေးနှုတ်ခမ်း စစတွေ့ချင်းတုန်းကခြောက်နေတာလားမှတ်ရတယ် မိန်းကလေးနဲ့တူလို့ ခန္ဓာကိုယ်ကအရပ်ရှည်ပြီး
နည်းနည်းပြည့်တယ် မိန်းကလေးတွေကတော့ကြိုက်ကြတယ်သူ့ကို
Celeပေါ့
သူတခါပြောဖူးတယ် သူကြိုက်နေတဲ့လူတျောက်ရှိတယ်တဲ့
ဘယ်သူလဲမေးတော့လဲမဖြေဘူး သူ့အကြောင်းလဲ ဘယ်သူ့ကိုမှမပြောပြဘူး သျှားကလွဲရင်ပေါ့ သူကထူးဆန်းတယ် ကျောင်းဆင်းရင် အကိုကြီးတျောက်ကားနဲ့လာလာကြိုတတ်တယ်

'ဖျောင်း'
"အာ့! နေခြည်ဦး နောက်မှာထိုင်ပြီးစွတ်မရိုက်နဲ့"
"ဘာတေအတွေးလွန်နေတာလဲ ဟိုမှာဆြာရောက်နေပြီ "
Engအချိန်.. အိပ်ရေးမဝတာနဲ့အတော်ပဲ
သျှားကိုလှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ စာအုပ်တေ လှန်နေတာ သျှားကရှင်းသန့်နိုင်နဲ့စာတော်တာတူတူပဲ
စာဂျပိုးလေး mwah စိတ်ထဲကပဲကြိတ်ပြီးတော့.......
🌠🌠🌠🌠🌠🌌🌌🌌🌌🌌🌌
သူများတွေစာကိုစိတ်ထဲမှတ်နေ တဲ့အချိန်မှာပဲ အရမ်းအေးတယ်ဆိုတဲ့ရှင်းသန့်နိုင်က  သျှားထက်ပိုင်နောက်မှာထိုင်ပြီး သျှားရဲ့ ဆံပင်ပျော့ပျော့လေးတွေကိုကြည့်နေတာကိုတော့.................
~~~~~~~~
I Didn't dare to lose anymore
~~~~~~~~
မနေနိုင်တော့လို့ရေးမိပြန်ပြီ😁
Authorမဟုတ်သေးပါဘူး ခုမှ အပျော်တမ်းပဲရှိပါသေးတယ်နော်
Facebook မှာ role playလုပ်ချင်ရင်
LaMin Nyo ဆိုတဲ့accလေးကိုပြောနော်
အာ့ nicky ရဲ့acc
ဖတ်ပီးရင်Feedbackလေးတော့ရေးပေးခဲ့
Readerလေးတေ ❤u

I Didn't Dare TO Lose AnymoreWhere stories live. Discover now