Chapter One

2.7K 115 3
                                    

Jimin's point of view

"ရှင် ဟာ လေ တစ်ကယ့်ဆန် ကုန် မြေ လေး။မိသားစုအတွက်ဘာတစ်ခု မှကိုမစဉ်းစား ဘူး။ဘာ မှကို အားမကိုး ရဘူး။ဆေးသမား အစုတ်ပလုတ်။ ကျွန် မရှင့် ကိုယူတာအရမ်း နောင် တ ရတာ ပဲ။"

"ဟ။ မင်းက ဘာသိ လို့ လဲ။ ငါ လောင်း ကစား လုပ် တာ ပိုက် ဆံရ ဖို့ အတွက် ကွ။"

"အေးအေး။ ပိုက် ဆံတော့ မရဘူး ကျွန် မ တို့ လမ်း ဘေး ရောက် မယ် သိ လား။"

"ရှင် တို့ သားအဖဟာ လေ အတူတူ ပဲသိ လား။ဟို အကောင် က လည်း ကျောင်း စာ ကိုခုတုံးလုပ် ပြီး အလုပ် မ လုပ် ဘူး။"

"သူ့ ဖာသာအလုပ်မလုပ်တာ ငါ နဲ့ဘာ ဆိုင်လို့ လဲ ကွ။ အဲ့ဒီကောင်က နွဲ့နွဲ့နွဲ့နွဲ့ နဲ့ ဘာမှသုံးစား လို့မရ ဘူး။"

"ခက် တာပဲ။ရှင် တစ်နေ့တစ် နေ့ အငယ် အနှောင်း တွေ နဲ့ ဆေး သုံး လောင်း က စား လုပ်။ ကျွန် မက တော့စိတ် ကုန် တယ်။ ကျွန် မကိုကွာ ရှင်း ပေး။"

"မိန်းမ!!!! ဘာ ဖြစ် နေတာ လဲ။ အေးဆေး နေစမ်း ပါ။ မင်း လည်း ဟိုကောင် နဲ့ ငြိ နေတာငါမ သိဘူး များ မှတ် နေလား ကွ။ ဖောက် ပြန် ဖို့ မကြိုးစား နဲ့နော်။"

xxxxxx

အဲ့ဒီအချိန် ကကျွန်တော့်အသက် ရှစ် နှစ်။ လူလား မြောက် ဖို့ မပြော နဲ့ လူ ဆို တဲ့ အဓိပ္ပာ ယ် ကိုတောင် တစ်ဖြည်းဖြည်း ဖော်ယူနေ ရတဲ့ အချိန် ပါ။ အဖေ က ဆေးသ မား။လောင်းကစားသမား အပြင် အဖြစ် မရှိ တဲ့လူပါ။
အ မေ ဆို ရင် တော့ မိန်းမ တစ် ယောက် ဖြစ် တယ်ဆိုတာကို ပဲသိ ရပါ တယ်။ကျွန် တော့် အမေက မိန်းမ တစ်ယောက်။သား ချော့ တေးဆို တာ မျိုးကို ပုံ ပြင် တွေမှာ ပဲ ကြားဖူးတယ်။ အဲ့ဒီလို အမေ မျိုး ရဲ့ရင် ခွင် မှာ ငြိမ်းချမ်းစွာ ခိုလှုံခွင့် ရတဲ့ ယုန် ကလေးတစ် ကောင် ဒါမှမဟုတ် ငှက် ကလေးတစ် ကောင် ဖြစ်ချင် မိတယ်။

နွေး ထွေး မှုဆို တာကို တော့ မီးလင်းဖို ရှေ့ မှာ ကော်ဖီပူပူလေးသောက် ရင်း ရတဲ့နွေး ထွေး မှု ကိုပဲ သိပါတယ်။

နွေးထွေး မှုဆို တဲ့စကား လုံး ရဲ့အဓိပ္ပာယ် ကို မသိ ရလို့တောင်းပန် ပါ တယ်။မခံစား ရလို့ ဝမ်းနည်း တယ်။

Bruises  [BTS myanmar fanfic].pjm (yaoi)JikookWhere stories live. Discover now