'Chanyeol ah Chanyeol ah Yah Park Chanyeol ㅋ ㅋ ㅋ ㅋ '
ကျွန်တော့နမည်ကိုခေါ်ပီးဘာတွေသဘောကျမှန်းမသိအဆက်မပြတ်ရယ်နေတဲ့သူ့အသံလေးကကျွန်တော့နားထဲမှာဆည်းလည်းလေးလို သာယာနေမိသလို နှုတ်ခမ်းလေးကလည်းအလိုလိုအထက်သို့ကွေးညွှတ်သွားခဲ့မိသည်
'မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ'
'အာ့ကြောင့်မင်းငါ့ကိုချစ်နေတာပေါ့'
'ဟုတ်ပါပီဗျာ လာပါဦးကိုယ့်နားကို'
ကျွန်တော်လက်ယက်ခေါ်လိုက်တော့သူလေးကျနော့်ဆီဦးတည်လျှောက်လာလေသည် သူ? သူကတော်တော်ချောတာပဲ သူကကျနော့်အတွက်တော့နတ်သားလေးတပါးလိုပဲ ကျနော်တွေးနေခိုက် သူကျနော့်ဘေးလာထိုင်သည်
'ချစ်လိုက်တာကွာ'
'ဒါပဲပြောနေ'
'ချစ်လို့ပြောတာပေါ့ကွာ မင်းကငြိုငြင်တာလား'
'အမလေး မငြိုငြင်ရက်ပါဘူးဗျာ ဒီလောက်ကိုယ့်ကိုချစ်ပီးအလိုလိုက်တဲ့လူရှိနေတာငြိုငြင်စရာလား'
'Aigoo သေချာနားထောင်ထားဦးမှပါ ဒါမျိုးကကြားရခဲတယ် လာပါဦး အရမ်းချစ်သွားလို့ အနမ်းလေးပေးပါရစေဦး'
ပြောရင်းသူ့အနားလေးတိုးသွားခဲ့ပီး သူ့ရဲ့ နီထွေးနေတဲ့နှုတ်ခမ်းလေးကိုနမ်းမည်ပြုတော့ သူကမျက်လွှာလေးချပီးကျနော့်အနားတို့လာခဲ့တယ် ကျနော်လည်းမျက်လုံးလေးမှိတ်ကာသူ့အနမ်းလေးအားစားသုံးမယ်ပြုတော့
'CHANYEOL!!!!!'
*ကျစ်ဘာလဲကွာ ကောင်းခန်းဆို* တွေးရင်းမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ခုနကဖြစ်နေတဲ့အဖြစ်အပျက်တွေကအငွေ့အဖြစ်လွင့်ပြယ်ကုန်ပီ
'မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဒါအမှန်မဟုတ်ဘူး မင်းပျောက်မသွားရဘူး မင်းကိုယ့်နားမှာရှိနေရမယ် ကျေးဇူးပြုပီးပြန်လာပေးပါ ပြန်လာပေးပါ ကိုယ့်ဆီကို'
ကျနော့်ဘယ်လောက်ငိုပီးပြောပြော သူရော ကျနော့ပတ်လည်ကအရာတွေရော အငွေ့အဖြစ်ပျောက်ကွယ်သွားခဲ့တယ်
YOU ARE READING
Fate (Hiatus)
Romanceကံကြမ္မာကြောင့်ငါမင်းနဲ့ဆုံရတယ် ကံကြမ္မာကပဲငါမင်းကိုချစ်ရတဲ့အကြောင်းတွေဖန်တီးပေးတယ် ကံကြမ္မာကြောင့်ပဲငါမင်းနဲ့တသက်လုံးတူတူနေသွားချင်မိတယ် ဒီတခါရောကံကြမ္မာကငါ့ကိုမျက်နှာသာပေးပါ့မလား?