'ကဲ chanyeolရေ ရောက်ပီ ဆင်း'
'Hyung ထူးထူးဆန်းဆန်း fan တွေလည်းမရှိပါလား'
'ဒီworkshopကအစိုးရနဲ့ပေါင်းလုပ်တဲ့workshopလေ မင်းအပြင်တခြားအနုပညာရှင်တွေ ထိပ်တန်းcompanyတွေကCEOတွေ ဆရာဝန်တွေရော တခြားလုပ်ငန်းစုကလူတွေရောလာကြမှလေ အာ့ကြောင့်securityရှိတာကတကြောင်း ပီးတော့ ဒီလိုဝေလံတဲ့နေရာကိုဘယ်သူကလိုက်မှာလဲအာ့ကြောင့်'
'အော် ဒါကြောင့်ကိုး'
'လာ chanyeol သွားရအောင် hallထဲလူတွေစုနေကြပီ ပီးတော့မင်းက အနုပညာရှင်တယောက်အနေနဲ့ရောက်လာတဲ့အပြင်း မင်းအဖေcompanyအတွက်လည်းလာရာရောက်တော့ ဒီworkshopကိုဦးဆောင်တဲ့လူနဲ့လည်းသွားနှုတ်ဆက်လိုက်ဦး'
'ဟုတ်ပါပီဗျာ'
Managerအပြောကိုအပြုံးလေးဖြင့်ဖြေရင်း hall ထဲဝင်လာရာ လူကခတ်နောက်ပြန်ရောက်သွားသလို hallရဲ့အပြင်အဆင်များကစွမ်းဆောင်လှသည် hallထဲရှိအပြင်အဆင်ကိုကြည့်လျှင်ဖြင့်ဆောက်ထားတာရာစုနှစ်တခုလောက်ရှိနေပီဟုပဲမှတ်ချက်ချနိုင်သည် ပစ္စည်းများကအိုဟောင်းပေမယ့်လို့ခမ်းနားလှသည်
'Hyung ဒီအဆော်ကအဦးကဆောက်ထားတာကြာပီလား အထဲကပစ္စည်းတွေကတကယ့်antiqueတွေကျနေတာပဲ'
'အော် အေး ဆောက်ထားတာတော့တော်တော်ကြာပီ အရင်တုန်းကဒီဒေသကနယ်စပ်လေ ဒီအဆောက်အဦးကအင်္ဂလိပ်တွေ ဒီဟာကအရင်ကchurchလေ ကိုးရီးယားနိုင်ငံဆိုပေမယ့်လည်း ဘာသာရေးနယ်မြေဖြစ်နေတော့ ဘယ်သူ့မှမဖျက်ဆီးကြ ထိန်းသိမ်းထားတော့ ဒီလိုဖြစ်နေတာပေါ့ ဒါတောင်ခုလိုhallဖြစ်သွားတာသိပ်မကြာသေးဘူး ဒီအဆောက်အဦးကနေ ငါတို့သွားမယ့်ရွာကိုဆိုနာရီဝက်လောက်စီးရတယ်ပြောတယ် ငါတို့သွားမယ့်ရွာပတ်လည်နဲ့နီးတာဆိုလို့လည်း ဒါပဲရှိတယ်'
'ဟင် အမလေး ခေါင်လိုက်တာ နေရာကလည်း'
'ခေါင်လို့ဘယ်သူမှမရောက်လို့လည်း ဒီကိုတကူးတကလာပီးလှူဒါန်းကြတာပေါ့ ငါတို့သွားမယ့်ရွာကလူတွေကခေါင်းမာတယ်ကွ သူတို့ရွာကလွဲရင်ဘယ်မှမသွားကြဘူး '
![](https://img.wattpad.com/cover/113884112-288-k378419.jpg)
YOU ARE READING
Fate (Hiatus)
Romanceကံကြမ္မာကြောင့်ငါမင်းနဲ့ဆုံရတယ် ကံကြမ္မာကပဲငါမင်းကိုချစ်ရတဲ့အကြောင်းတွေဖန်တီးပေးတယ် ကံကြမ္မာကြောင့်ပဲငါမင်းနဲ့တသက်လုံးတူတူနေသွားချင်မိတယ် ဒီတခါရောကံကြမ္မာကငါ့ကိုမျက်နှာသာပေးပါ့မလား?