အပိုင်း (၁)

339 29 0
                                    

လူသူအရောက်အပေါက်နည်းသည့်နေရာတွင်ရှိသော
အပန်းဖြေစံအိမ်ကြီးတွင် ဖြစ်သည်။
အရပ်ရှည်ရှည် ၊ နားရွက်ကားကားနှင့်ကောင်လေးသည်
တိတ်ဆိတ်အေးချမ်းမှုကို လွန်စွာသဘောကျနေဟန်တူသည်။ ပင်လယ်နားတွင်ရှိသောကြောင့် လေအေးများတရစပ်
တိုက်နေရာ ထိုကောင်လေး၏ ပျော့ပျောင်းသောဆံနွယ်များ
ကလှပစွာလွင့်နေသည်။ မျက်လုံးကိုမှိတ်ကာ တိုက်ခတ်လာ
သောလေများကို ခံစားနေသောကြောင့် ကောင်လေး၏
မျက်နှာချောချောမှာ ပြုံးယောင်သန်းနေသည်။

ထို့နောက် စံအိမ်နားတွင်ရှိသည့်ရေကူးကန်နားသို့လျှောက်
လာသည်။ ပင်လယ်မှရေကိုသွယ်ယူကာ ကန်ထဲသို့တိုက်ရိုက်
ဆက်ထားခြင်းကြောင့် ရေများက ပြာလဲ့လဲ့နှင့်ရှိနေသည့်
အပြင် ပင်လယ်၏သဘာဝနှင့် တစ်ထပ်တည်းကျစေရန်
ရေမှော်များ ၊ သန္တာကျောက်တန်းများကိုလည်း တုပပြုလုပ်
ထားသည်။ ထိုကောင်လေးသည် ရေကန်နားရောက်အောင်
လျှောက်လာပြီး အပေါ်အင်္ကျီဝတ်ကိုချွတ်လိုက်သည်။
ထို့နောက် ကျန်ရှိသော ဘောင်းဘီတိုနှင့်ပင် ရေကန်ထဲခုန်ဆင်းလိုက်ကာ ရေကူးတော့သည်။

ငယ်ငယ်တည်းက ရေကူးရသည်ကိုအင်မတန်ကြိုက်နှစ်သက်
သောကြောင့် အမေမသိအောင် ခိုးကာပင်လယ်ထဲဆင်းဖူး
သည်ကို Chanyeol သတိရမိသည်။ တခုခုဖြစ်မှာစိုး၍
ရေထဲကိုမဆင်းခိုင်းသော အမေအားကြောက်ရသော်လည်း
အဖေကမူ မိမိနှင့်အတူရေလိုက်ကူးပေးတတ်သည်။
အဖေက ရေငုပ်ပြမယ်ဟုဆိုကာ အချိန်မှတ်ခိုင်းချိန်များတွင်
ရင်ခုန်စွာနှင့် မိနစ် ၊ စက္ကန့်များကိုလိုက်ရေတွက်ရသည်ကိုလည်း သူသဘောကျသည်။
နောက်တစ်ခုက ပင်လယ်ထဲတွင် ရေကူးလျှင် ပြာလဲ့ကာ
ကြည်လင်နေသောရေက စိတ်ပင်ပန်းနွမ်းနွယ်မှုတွေကို
ယူပစ်သလိုပျောက်ကင်းစေသည်။ ရေကူးရင်း တွေ့မြင်နိုင်
သော သဘာဝသန္တာကျောက်တန်းများ ၊ ရှားပါးမျိုးစိတ်ရေနေ
သတ္တဝါများကလည်း သူ့အတွက်တော့ ဘယ်အရာမှ
လိုက်မမီနိုင်သည့် ပန်းချီကားတစ်ချပ်ပင်။ Chanyeol ငယ်စဉ်ကနေထိုင်ရာ နေရာမှာလည်း ယခုလို ပင်လယ်နားပင်ဖြစ်သည်။ ငယ်ငယ်ကအဖြစ်ဆိုးတစ်ခုကြောင့် အရင်လို
ပင်လယ်ထဲတွင် ပျော်ပါးလွတ်လပ်စွာရေကူးရန်သူကြောက်
ရွံ့နေဆဲပင်ဖြစ်သည်။

My Dear Merboy  💙 ( ChanBaek ) •Hiatus •Where stories live. Discover now