Baekhyun နိုးလာတော့ နေရောင်စူးစူးက မျက်နှာပေါ်ကျနေ
တာမို့ အိပ်ရာမှထလိုက်ပြီး အခန်းအပြင်သို့ထွက်လာခဲ့သည်။
အိမ်အောက်ထပ်ကိုလှေကားအတိုင်းဆင်းသွားတော့
မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေသော ဟိုလူကြီးကိုတွေ့သည်။
ဒီလူကြီးက စကားတော်တော်များတာကလွဲရင် အရာရာ
ပြည့်စုံသည်ဟု သူတွေးမိသည်။ ရုပ်ကလည်းချော ၊ ဟင်းလည်းချက်တတ် ၊ သဘောလည်းကောင်း ... အင်း ... ထိုလူကြီး
ကတော့ မိန်းကလေးတွေဝိုင်းဝိုင်းလည်နေမှာပဲ ။
ခုလည်း သူစားဖို့ မနက်စာကိုယ်တိုင်ပြင်ပေးနေသည် ။" အဟင်း "
" အာ ~ ကောင်သေးလေး နိုးပြီလား ? "
" ကျတော်နာမည်ပြောထားတယ်လေ .. ဘာလို့ကောင်သေး
လေးလဲ "" ဘာဖြစ်လဲ ?! ကိုယ်ကြိုက်သလိုခေါ်မှာပေါ့ "
" ဟာဗျာ "
" လာ... စားတော့ ။ ဗိုက်ဆာနေလောက်ပြီ "
" အဟင်း ... ကျေး ... ကျေးဇူးပါ "
" အမ် ? ဘာပြောလိုက်တယ် ? ကိုယ်မကြားလိုက်လို့ "
" ဪ ကျေးဇူးပဲလို့ "
" အမ်? ကိုယ့်နားက ရေဝင်နေလို့မကြားရဘူး "
" ဟာ ~ ခင်ဗျားဗျာ ! သိပ်လျှာရှည်တာပဲ
တော်ပြီ မပြောဘူးဗျာ "" ဟားဟားဟား ~ သိပ်ချစ်ဖို့ကောင်းတာပဲ ကောင်ဆိုးလေး "
Chanyeol ပြောရင်း သူ့ဆံပင်လေးတွေထဲကို ထိုးဖွလိုက်သည်။ ဟိုကလေးကို ပြန်ကြည့်တော့မှ သူ့ကိုဝါးစားမတတ်
စိုက်ကြည့်နေတာကို တွေ့ရတော့ လန့်ပြီး သူ့လက်ကိုရုတ်
ပေးရသည် ။" ဘာ... ဘာလို့လဲ ကလေးက ခေါင်းကိုထိတာ မကြိုက်ဘူး
လား ? "" ကလေး ??? အခု ကျတော့်ကို ကလေးလို့ခေါ်လိုက်တာလား? "
" အင်းလေ ... ဘာလို့လဲ .."
" ထားတော့ဗျာ ... ခေါ်ချင်သလိုခေါ် .. ကျတော်ထမင်းစား
မလို့ ငြိမ်ငြိမ်နေပေးပါ "အမယ် ... သူက အိမ်ရှင်လား ကိုယ်က အိမ်ရှင်လားတောင်
မသဲကွဲတော့တဲ့ ဘဝ Park Chanyeol ရေ ...ရှိစေတော့ ... ကိုယ်ကလည်း အဲ့ကလေးကိုမှ စချင်နေတာကို
အရင်က ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်းနေလာရတော့
ပျင်းခြောက်ခြောက်နဲ့ ... အိမ်မှာ အလုပ်လုပ်တဲ့သူတွေကလည်း ကိုယ့်အလုပ်ပြီးရင် ပြန်ကြတာဆိုတော့ စကားပြောစရာ
လူမရှိ ။ တကယ်တော့ စိတ်ရှုပ်စရာကောင်းလှတဲ့ ကုမ္ပဏီ
အလုပ်တွေကို ခဏပစ်ပြီး လာအနားယူတာဆိုတော့လည်း
တစ်ယောက်တည်းအေးဆေးနားရတာကိုပဲ သဘောကျ
သည်လေ ... ခုတော့ ဒီကောင်သေးလေးကို စရနောက်ရ
တာတော်တော်ပျော်ဖို့ကောင်းမှန်း သိသွားလေပြီ ။
أنت تقرأ
My Dear Merboy 💙 ( ChanBaek ) •Hiatus •
عاطفيةကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲက ရေသူထီးလေးနဲ့ ကုန်းမြေပေါ်က လူသားကောင်လေးတို့ မထင်မှတ်ဘဲ တွေ့ဆုံကြတဲ့အခါ ....... Water spirit မျိုးနွယ်စုတွေကို ကူညီတဲ့သူဟာ လိုရာဆုတစ်ခုတောင်းနိုင်တယ်လို့ အပေးအယူလုပ်ကြရာ ကနေ ချစ်မိသွားကြတဲ့အခါ ....... လူသားကောင်လေးက ရ...