ကျွန်မ ..ကျွန်မရဲ့ ယောကျာ်းဖြစ်သူကို သိပ်ချစ်ပါတယ်။
သူ့ရဲ့ ဟောက်သံလေးကြောင့် ကျွန်မ မနက်တိုင်း အိပ်ရေးပျက်ရပေမယ့် သူ့ကြောင့်ပဲ မနက်စောစော နိုးခွင့်ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။
သူ့ကြောင့်ကျွန်မ နိုးရတဲ့အခါတိုင်း သူ့ကို နိုးလာအောင်စနောက်မိတယ်လေ။
အအိပ်ကြီးပြီး အိပ်နေစဉ်အနှိုးခံရရင် အရမ်းစိတ်ဆိုးတတ်တဲ့သူကတော့ ကျွန်မကို ဒေါသတကြီးနဲ့ အော်ဟစ်ပြီး ခေါင်းအုံးနဲ့ပါထုရိုက်လေ့ရှိတယ်။
ကျွန်မကတော့
"Mian mian ,နောက်တခါ မလုပ်တော့ပါဘူး...ခီးခီးးခီးး"
ဆိုပြီး သူဲ့ရဲ့ ခေါင်းအုံးနဲ့ထုရိုက်မှုတွေကို လက်ကလေးနဲ့ကာပြီး ရယ်မောနေလေ့ရှိတယ်။ပြီးရင်တော့ သူက စိတ်ဆိုးမာန်ဆိုးနဲ့ အိပ်ယာပေါ် ဝုန်းခနဲပြန်လှဲချပြီး
"Shit..,မင်းကြောင့် ပြန်အိပ်လို့မရတော့ဘူးကွာ"
ဆိုပြီး ရေရွတ်လိုက်ရင်တော့ ကျွန်မဟာ သူ့ရဲ့ ရင်ခွင်ထဲကို တိုးဝှေ့ပြီး ပါးကလေးကို အနမ်းလေး ပေးကာ
"Wake up Darling"
ဆိုပြီး ပြန်ချော့ရတော့တာပေါ့။အဲ့လိုအချိန်ဆိုရင်တော့ သူရဲ့စူပုပ်ပုပ်မျက်နှာဟာ ပြုံးယောင်သန်းလာပြီး
"Pabo "ဆိုပြီး ကျွန်မနှဖူးကို သူ့လက်သီးဆုပ်လေးနဲ့ ဖွဖွလေး ထုလေ့ရှိတယ်"ကျွန်မ သိပ်သိတာပေါ့ ..သူကျွန်မကို သိပ်ချစ်တယ်ဆိုတာ။
##
ကြက်ဥမွှေကြော်ကို အစာအများကြီးထည့်ပြီး ကြော်တယ်လို့ ဘယ်သူကြားဖူးမှာလဲ။
ဒါပေမယ့် မှိုတွေ ,ကင်ချီတွေ ,မုန်လာဥတွေ,ခရမ်းချဉ်သီးတွေ,ငရုတ်ပွတွေ အစုံထည့်ပြီး ရောကြော်တာကို
ကျွန်မယောကျာ်းက သိပ်ကြိုက်တယ်လေ။
သူ့ommaလုပ်ကျွေးနေကျတဲ့။ကျွန်မသူ့အကြိုက် ကြက်ဥကြော်ကို ပြင်ဆင်နေချိန်ဆိုသူက
"Wow ကိုယ့်အကြိုက်ပဲ ,gomawo honey"ဆိုပြီး အနောက်ကနေ ခါးလေးကိုဖက်ကာ လည်တိုင်လေးကို အနမ်းလေး ဖွဖွပေးလေ့ရှိတယ်။ကြက်ဥကြော်ကို အာ့လိုအစာတွေ အများကြီးထည့်ကြော်တာကို ကျွန်မ မကြိုက်ပါဘူး။
ဒါပေမယ့် သူ သိပ်ကြိုက်တဲ့အရာမို့လို့ ကျွန်မလည်း နှစ်သက်ပါတယ်။
ကျွန်မချစ်ရတဲ့သူ နှစ်သက် မြတ်နိုးတဲ့အရာကို ကျွန်မလည်း နှစ်သက်မြတ်နိုးဖို့ ဝန်မလေးဘူးလေ။

YOU ARE READING
Love
Proză scurtăအချစ်စစ်ဆိုတာ ခံစားချက်တစ်ခုထက်ပိုတဲ့ လုပ်ဆောင်ချက် သက်ရောက်မှု ပဲ One shot Your bias+reader