" တူ...တူ...တူ...လူကြီးမင်းခေါ်ဆိုသော Ph မှာ
...📞📞"Tiffany စိတ်ပျက်စွာနဲ့ ph ကို ချလိုက်သည်။
သူမရဲ့ချစ်သူ Nichkhyun ဆီ ph ဆက်နေသည်မှာ ဒီနေ့အဖို့ ဆယ်ကြိမ်မကတော့
သူမအခုချိန်မှာ အရမ်းကို ရှုပ်ထွေးနေတဲ့အခြေအနေ
တစ်ခုမှာ ချောင်ပိတ်မိနေသည်။ဟုတ်ပါတယ်။သူမရဲ့
ဦးလေး Kelvin Won ကြောင့်ပင်။ သူမရဲ့ဦးလေးဆိုပေမဲ့ သူမအဒေါ်အနေနဲ့ ဦးလေးတော်တာပါ။ဦးလေးအရင်းမဟုတ်ပါဘူး။
ခု သူမကြုံနေရတဲ့ပြဿနာက အမွေကိစ္စပင်။ ငယ်ငယ်လေးကတည်းကဆုံးသွားတဲ့
သူမမိဘတွေက အမွေပစ္စည်းတွေကို သူမအသက် 20 ပြည့်လို့ အိမ်ထောင်ပြုခါကျမှ တရားဝင်လွှဲပေးရန်
ရှေ့နေတွေနဲ့ စာချုပ်စာတမ်းတွေထားခဲ့တာမို့ သူမဦးလေးက သူရဲ့တူ David နဲ့ လက်ထပ်ပေးဖို့
စီစဉ်ပေးနေခြင်းဖြစ်သည်။သူမကို အပြင်ပေးမထွက်ဘဲ bodyguard ပေါင်းများစွာနဲ့
အိမ်ထဲမှာ နေရသည်။ရှေ့အပတ်ထဲဆို သူမရဲ့အသက် 20 ပြည့်မွေးနေ့မှာ သူမဦးလေးက
David နဲ့မင်္ဂလာကိစ္စကိုပါ အတင်းအကြပ် လုပ်တော့မည်။ခုထိ သူမရဲ့ချစ်သူဆီ အဆက်အသွယ်လုပ်တာလဲ မရပေ။
Tiffany ဒီတိုင်းထိုင်နေလို့ မဖြစ်တော့တာမို့
သူမချစ်သူဆီလိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။သူမ အကြံတစ်ခုရသွားသည်။ထို့နောက် သူမအခန်းတံခါး ဖွင့်လိုက်တော့အပြင်ကအစောင့်နှစ်ယောက်ကB 1 - " ဘယ်သွားမလို့လဲ? မမလေး "
Fany - " ဘယ်မှမသွားဘူး ငါဗိုက်ဆာလာလို့
ရေခဲသေတ္တာထဲကစားစရာသွားယူမလို့😔 "B 2 - " ကျွန်တော် သွားယူပေးပါ့မယ် "
Fany - " ပြီးတာပဲ!!! 😒"
အစောင့်တစ်ယောက်ထွက်သွားတော့ ကျန်တဲ့တစ်ယောက်ကို
Fany - " ဒီမှာ မင်းမီးခလုတ်တွေပြင်တတ်လား? ငါ့ရေချိုးခန်းထဲက မီးသီးကဖွင့်လို့မရလို့ ကြည့်ပေးပါ့လား...? "
B 1 - " Nae!! မမလေး "
အစောင့်က ရေချိုးခန်းထဲဝင်ချိန် Tiffany ပန်းအိုးကိုကိုင်ပြီး နောက်ကနေအစောင့်ခေါင်းကို ရိုက်ချလိုက်သည်။အစောင့်ခေါင်းကနေသွေးတွေစီးကျလာပြီး လဲကျသွားတော့သည်။
Tiffany ဘာမှစဉ်းစားမနေတော့ဘဲ အစောင့်ခါးကနေ သော့တွဲတွေကို ယူပြီး လှေကားကနေ တချိုးတည်းဆင်းပြေးတော့သည်။
သူမဦးလေး Mr.Won က ဒီနေ့ company မှာ ဒါရိုက်တာအစည်းအဝေးရှိလို့ အိမ်မှာ အစောင့်နှစ်ယောက်သာ ထားခဲ့ခြင်းက သူမအတွက်
ကံကောင်းခြင်းပင်။Tiffanyအိမ်ရှေ့ဆင်ဝင်အောက်က ကားပေါ်တက်လိုက်ပြီး သော့တွဲတွေထဲက ကားသော့ကို ခက်ခက်ခဲခဲရှာလိုက်ကာ စက်နှိုးပြီး မောင်းထွက်လိုက်သည်။
YOU ARE READING
Looking For Your Love! (ZawGyi+Unicode)
FanfictionTaeyeon & Tiffany{TaeNy_ Yuri version} FanFiction Myanmar အမွေတွေလိုချင်လို့ဦးလေးဖြစ်သူကအတင်းအဓမ္မအိမ်ထောင်ချပေးရာမှ ချစ်သူဆီထွက်ပြေးလာချိန် ချစ်သူရဲ့ဖောက်ပြန်မှု့နဲ့ချစ်သူကပါသူမရဲ့ပိုင်ဆိုင်မှု့တွေကိုလိုချင်နေတာကိုပါသိလိုက်ရလို့မိမိကိုယ်ကိုအဆုံးစီရင်...