Ep.10

1.2K 123 19
                                    

မနက်အစောကြီး Taeyeon တစ်ယောက် အိပ်နေရာမှ နိုးလာသည်။အခန်းထဲက တိုင်ကပ်နာရီကို ကြည့်လိုက်တော့ 4:30 တကယ်တော့ သူအိပ်မပျော်ပါ။Tiffany အတွက် စိုးရိမ်ပူပန်မှု့တို့က သူ့ကို အိပ်မရစေတာပါ။ Taeyeon…Sofa ပေါ်ကနေ ထလိုက်ပြီး ကုတင်ပေါ်ကို လှမ်းကြည့်လိုက်တော့ Tiffany တစ်ယောက် သူမရဲ့ခန္ဓာကိုယ် ဘေးနားမှာ ငြိမ်ငြိမ်လေး ထိုင်နေတာကို တွေ့လိုက်ရသည်။

Tae - " Fany "

Fany - ( ဟင် Tae Tae!! အစောကြီး နိုးလာတာလား.? )

Tae - " omm!! အိပ်လို့လဲ မရပါဘူး "

Fany - ( ဘာလို့လဲ.? )

* ဘယ်လိုပြောရမလဲ.? Fany ရယ်
ငါ အိပ်မပျော်တာ နင့်ကြောင့်ဟ နင့်ကို ဒီထက်ပိုပြီး ကာကွယ်ပေးချင်နေမိတဲ့ ငါ့စိတ်ကြောင့် ငါအိပ်ရခက်နေတာ ငါ…ငါ့စိတ်တွေက နင့်အပေါ်မှာ မရိုးသားတော့ဘူး ထင်တယ် ငါ နင့်ကို ချစ်တယ်လို့ ပြောရင် နင်လက်ခံပါ့မလား.? အခွင့်အရေးယူတယ်လို့ နင်ထင်သွားမလား.? *

Fany - ( Tae Tae )

Tae - " ……… "

မေးတာကို မဖြေဘဲ ငိုင်ငိုင်ကြီး သူ့ကို ကြည့်နေတဲ့ Taeyeon ကို Tiffany ထပ်ခေါ်လိုက်သည်။

Fany - ( Tae Tae ya )

Tae - " ummm.??  "

Fany - ( ဘာတွေ စဉ်းစားနေလို့ မေးတာတောင် မဖြေနိုင်ရတာလဲ.? )

Tae - " aww ဘာမှ မဟုတ်ပါဘူး Fany အတွက် Appa ကို ဘယ်လို အကူအညီတောင်းရင် ကောင်းမလဲ.? စဉ်းစားနေတာ "

Taeyeon ညာလိုက်ရသည်။ Tiffany ကတော့ မျက်နှာလေး ညှိုးသွားပြီး

Fany - ( mianae!! ငါ့ကြောင့် နင်ဒုက္ခများရပြီ
လူလဲ ပင်ပန်း စိတ်လဲ ပင်ပန်းနဲ့ 😔)

Tae - " မလိုပါဘူး Fany ရယ် ငါကိုယ်တိုင်ကိုက နင့်ကို ကူညီချင်တာပါ "

Fany - ( ဘာလို့ ငါ့အပေါ် အဲ့လောက် ကောင်းရတာလဲ.? )

Tae - " အမှန်အတိုင်း ပြောရမှာလား.? "

Tiffany ခေါင်းလေးငြိမ့်ပြလိုက်သည်။
တကယ်တော့ Taeyeon ဘာပြောမယ်ဆိုတာ သူမ စိတ်ထဲ သိနေသလိုပင်။

Tae - " တကယ်…တကယ်တော့ ငါ…ငါလေ "

Taeyeon စကားတွေ ထစ်နေသည်။

Looking For Your Love! (ZawGyi+Unicode)Where stories live. Discover now