Part 19

1.5K 89 2
                                    

Byun So You ကဘာမှမ​ပြောပဲ​အနီ​ရောင်​ရဲ​နေ​အောင်​ဆိုးထား​သောနှုတ်​ခမ်းကို​ကွေးညွှတ်​​အောင်​ပြုံးလိုက်​တယ်
Yeol- Baekkie Baekkie Baekkie ဆိုပြီးရှိသမျှအင်​အားနဲ့အစွမ်းကုန်​​အော်​​ခေါ်​နေ​ပေမဲ့သူ့အသံကအရမ်းတိုး​တော့ Baekkie မကြားနိုင်
လွန်​ခဲ့​သော နှစ်​ 20 ခန့်
Baekkie 4 နှစ်​သမီးအရွယ်​မှာစပြီးမိသားစုစီးပွား​ရေးတိုးတက်​လာတယ်​ Kkie တို့မိသားစုနဲ့​ဒေါ်​လေးကတူတူ​နေကြတယ်​ ​ဒေါ်​လေး So You ကက​လေးအရမ်းချစ်​​တော့kkie တို့အမြွှာနှစ်​​ယောက်​ကိုတုန်​​နေ​အောင်​ချစ်​တာအလိုလည်းလိုက်​တယ်​အဲ့တာ​ကြောင့်​ kkie တို့က omma ထက်​ ​ဒေါ်​လေးကိုပိုတွယ်​တာကြတယ်
ဒေါ်​လေးမှာချစ်​သူရှိတယ်​ဒါ​ပေမဲ့ appa တို့မသိကြဘူး​ဒေါ်​လေးကဖုံးထားတာသူ့ချစ်​သူနဲ့တိတ်​တိတ်​ပုန်းတွဲ​နေကြတာ
သူ့ချစ်​သူကLee မိသားစုရဲ့တစ်​ဦးတည်း​သောသား Byun မိသားစုရဲ့စီးပွားပြိုင်​ဘက်​ Lee မိသားစု​ကြောင့်​ kkie တို့အဘိုး နှလုံး​ရောဂါ​ကြောင့်​​သေဆုံးခဲ့ရတယ်​ အဘွားကလည်းအဘိုး​ကြောင့်​​သေဆုံးခဲ့ရတယ်​ ဒါကို​တောင်​ ​ဒေါ်​လေးကLee မျိုးရိုးကိုတွဲနိုင်​​သေးတယ်
So You က Lee woojin ကိုတကယ်​ချစ်​ခဲ့တယ်​ woojin လည်းတကယ်​ချစ်​ခဲ့ပါတယ်​ဒါ​ပေမဲ့ရန်​ငြိုး​တွေ​ကြောင့်​သူတို့နှစ်​​ယောက်​ကိုသ​ဘောမတူနိုင်​မှာကိုကြိုသိ​နေ​ပေမဲ့လည်းတိတ်​တခိုးတွဲ​နေကြတုန်းပါပဲ သူတို့တွဲလာတာနှစ်​နှစ်​​လောက်​ကြာ​ပေမဲ့တစ်​​နေ့မှာ Lee မိသားစုအားလုံးပါသွားတဲ့​လေယာဉ်​ပျက်​ကျပြီးပင်​လယ်​ထဲကျသွားတယ်​ဆိုတဲ့သတင်း TV မှာလွှင့်​​နေတာကို So You ဧည့်​ခန်းမှာစာအုပ်​ဖတ်​​နေရင်းကြားလိုက်​ရတယ်​ TV ကိုလှည့်​ကြည့်​လိုက်​​တော့ အ​လောင်း​တွေ​ပျောက်​ဆုံး​နေ​ကြောင်း သတင်းကအဆက်​မပြတ်​လွှင့်​​နေသည်​ So You အံ့အသင့်​မှုများနဲ့အတူရင်​ထဲနာကျင်​လာပြီးမျက်​ရည်​​တွေစီးကျလာတယ်​ ပါးစပ်​က​နေ woojin woojin မဟုတ်​ဘူး အာ မဟုတ်​ဘူး လို့ဆက်​တိုက်​​ရေရွက်​​နေတယ်
Kkie - ​ဒေါ်​လေးဘာဖြစ်​တာလဲ ​ဒေါ်​လေး
Baekhyun- Appa Omma ​ဒေါ်​လေးငို​နေတယ်​လာကြပါဦး Appa Omma လို့​ပြောပြီးအမြွှာနှစ်​​ယောက်​ကသူ့​ဒေါ်​လေးနဲ့​ရောငို​နေကြတယ်
Appa နဲ့ Omma ​မေး​တော့လည်းဘာမှမ​ဖြေပဲ မဟုတ်​ဘူးမဟုတ်​ဘူး လို့​ပြောပြီး သတိ​မေ့သွားခဲ့လို့​ဆေးရုံကိုချက်​ချင်းပို့ခဲ့ရတယ်​ baekhyun တို့က Omma နဲ့အိမ်​မှာ​နေခဲ့ရတယ်​ Appa က​ဆေးရုံကားနှင့်​အတူလိုက်​သွား​တော့မှ Baekhyun ကသူ့omma ကို
Baekhyun-Omma ​ဒေါ်​လေးဘာလို့ငိုတာလဲဟင်​ပြီး​တော့ woojin ဆိုတာဘယ်​သူလဲဟင်
Baekkie-ဟုတ်​တယ်​ Omma ​ဒေါ်​လေးက woojin woojin ဆိုပြီးငို​နေတာ ဆိုပြီးအမြွှာနှစ်​​ယောက်​တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ပြီးငိုကြပြန်​​ရော
Omma -တိတ်​တိတ်​ သမီးတို့မငိုမှ​ဒေါ်​လေးက​နေ​ကောင်းပြီးပြန်​​ရောက်​လာမှာ ငို​နေရင်​ပြန်​မလာ​တော့ဘူး​နော်​ လို့​ပြောလိုက်​​တော့နှစ်​​ယောက်​လုံးအငိုတိတ်​သွားတယ်
Omma-လိမ္မာတယ်​​နော်​သွားသွားအိပ်​​တော့ ရာဟီးက​လေး​တွေကိုသိပ်​လိုက်​ပါ လို့အိမ်​​တော်​ထိန်းကို​ပြောလိုက်​တယ်
ရာဟီး - nae မမ​လေး
Mrs Byun- ရာဟီး Baekkie ကို​ဆေးတိုက်​လိုက်​ဦး
ရာဟီး-nae ဆိုပြီးအမြွှာနှစ်​​ယောက်​ကို​ခေါ်ပြီးအခန်းထဲဝင်​သွားတယ်
Mrs Byun-Woojin woojin Lee Woojin
ဆိုပြီးလန့်​သွားခဲ့တယ်

ငါ့အတြက္နင္ဟာနတ္သမီး (ငါ့အတွက်နင်ဟာနတ်သမီး)Where stories live. Discover now