9

376 40 1
                                    

That's why I love you Ep-9

Taoris fic

(ဘယ်ရောက်သွားပါလိမ့်)

kris'pov

ကျွန်တော်ညနေ taoကိုစာသွားသင်တော့ taoနည်းနည်းထူးဆန်းနေတယ် အရင်ညကစာသင်ရင် စိတ်မဝင်စားတဲ့ကလေး က ခုတော့ စိတ်ဝင်တစားစာကိုအသည်းအမည်းသင်နေတယ် သင်တာနည်းနည်းကြာရင်ငိုက်တတ်တာကို မငိုက်ဘဲ ကော်ဖီထသောက်ပြီးစာဆက်သင်နေတော့ အံ့သြရသည်

ဒါပုံမှန်တော့မဟုတ်ဘူး ငါ့ကိုအချိုသတ်နေတာ သူခုထိ လေ့လာရေးခရီးလိုက်မယ့်ကိစ္စမပျော်သေးဘူးပဲ သေချာတယ် ငါမသိအောင်သွားတော့မယ်ထင်တယ်

tao er မင်းငယ်ပါသေးတယ်

krisစာရေးနေတဲ့taoကိုကြည့်ပြီး ပြုံးလိုက်လေသည်

tao'pov ဟင်း စာတွေကလည်းများလိုက်တာ ဘယ်တက်နိုင်မလဲ သူမသိအောင်သွားရမှာဆိုတော့ နည်းနည်းလည်အောင်လုပ်ခဲ့ရမယ် ဒါမှ ငါမရှိတုန်းစာလာသင်ရင် ဟိဟိ

kris-tao erတစ်ယောက်တည်းဘာတွေရယ်နေတာလဲ စာလုပ်လေ

tao- အယ်

ဘုရား ငါအပြင်မှာလည်းရယ်မိသွားလား

tao-ဘာမှမဟုတ်ပါဘူး ဒီမှာပြီးပြီ စစ်ပေးပါဦး

tao စာစစ်နေတဲ့krisကို ကြည့်နေမိသည် ဒီလူမတွေ့ရတဲ့အတော်အတွင်းတော်တော်ချောလာတာပဲ တခြားနိုင်ငံမှာဘယ်လိုနေထိုင်ခဲ့လဲသိချင်လိုက်တာ အဲလေ မဟုတ်သေးပါဘူး ငါကဘာလို့လဲ ဟင့်အင်း မသိချင်ဘူး လုံးဝပဲ

kris-ကဲ ဒီနေ့တော့ဒီလောက်ပဲ နားတော့

tao-အင်း ကောင်း ကောင်းပြန်ပါ

kris-bye

×××××××××

ဒီလိုနဲ့ခရီးထွက်မယ့်နေရောက်လာတာပေါ့

kaiကလည်း ခရီးသွားမယ့်တစ်ရက်အလိုတည်းက ဆေးရုံကနေဆင်းလာတာလေ သူ့hyung လည်းပါမယ်ဆိုတော့မရရအောင်လိုက်မယ်ဆိုပြီး kyungsoo hyung ကတော့ ထိန်းမနိုင်ဘူးဆိုပြီးမပြောတော့ပေ

ကားကယောကျာ်းလေးတွေကသပ်သပ်တစ်စီး မိန်းကလေးတွေကသပ်သပ်တစ်စီးဆိုတော့ အားလုံးလွတ်လပ်နေတာပေါ့ ဆရာတွေပါပေမယ့်လဲ ဘယ်သူမှဂရုမစိုက်

That's Why I Love YouWhere stories live. Discover now