EGOISM

1.5K 120 24
                                    

Chanyeol 's P.O.V ~

'ဒီနေ့လည်း ရောက်လာတယ်နော်'

ကျွန်တော့်အား ကြည်နူးသယောင်မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောလာတဲ့သူ။

ကျွန်တော်လည်း ပြန်ပြုံးပြလိုက်ရင်း...

'Baekhyunရဲ့ fansign ပွဲကို ဟောဒီက Baekhyun fanboy အကြီးစားကြီးက မလာလို့ ရမလားဗျ'

လို့ ကျွန်တော် စလိုက်တော့ သူက တဟားဟားရယ်ရင်း ကျွန်တော့်နာမည်နဲ့ ထိုးပေးထားတဲ့ သူ့လတ်မှတ်လေးကို လှမ်းပေးတယ်။
ကျွန်တော်လည်း အယုအယပြန်ယူလိုက်တော့

'Chan ဒီနေ့ အားလား 'တဲ့လေ။

သြော် မေးမှ မေးတတ်ပါလေစ။
ဒီက ကောင်ကြီးက သူလေးအတွက်ဆို ချိန်းထားတာမှန်သမျှတောင် ဖျက်ပေးဦးမှာမို့။

'ကျွန်တော် မွေးနေ့လေ ဒီနေ့က'

သူအမေးနှင့် တခြား ကျွန်တော် ပြောချင်တာပြောချလိုက်သည်မို့ သူခဏတာ ကြောင်အ သွားသည်ဟန့်။

'အာ... ဒီလိုဆို သူငယ်ချင်းတွေကို မုန့်လိုက်ဝယ်ကျွေးနေရမှာနဲ့ မအားဘူးဖြစ်နေမှာပဲ'

'ကျွန်တော်က Hyunကို မွေးနေ့ဖိတ်ချင်တာ '

'အမှန်က Chanကို ကိုယ် မုန့်ဝယ်ကျွေးမလို့...  ခု Chanက ကျွေးမယ်ဆိုတော့လည်း စားရမှာပေါ့ဗျာ'

'အဲ့ဆို ကျွန်တော် ညနေ,Hyunကို လာခေါ်မယ်'

ဟုပြောကာ သူ့ ရှေ့မှ ထွက်လာခဲ့ရသည်။
ဆက်နေလျှင် ကျွန်တော်နောက်မှာ တန်းစီပြီး သူ့လတ်မှတ်စောင့်နေတဲ့ fangirl မမတွေ ဝိုင်းထုလို့ ခေါင်းကွဲရချည်ရဲ့ ။
ဟိုတခါကလည်း သူ့ကို အငေးကောင်းရာ က ခြေထောက် တက်နင်းခံရလို့ တပတ်လောက် လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရသေးသည် မဟုတ်ပါလား။
ဒါမျိုးက ပြေးနိုင်မှ တော်ကြာကျမည်လေ ။

                     E....  G.... O.... I.... S.... M

"ငါ စုံစမ်းခိုင်းထားတာတွေ စုံစမ်းနေတယ် မဟုတ်လား"

"ဟုတ်ကဲ့ Boss. ကျွန်တော် မင်းသား Baekhyunဆိုသူနဲ့ ပတ်သတ်ပြီး ခရေစေ့တွင်းကျ သေချာ စုံစမ်းနေပါတယ်"

"အေး ဟုတ်ပြီ။ တခုခု သတင်းရတာနဲ့ ငါ့ကိုလာပြော။
အာ... အထူးသဖြင့် သူ့ကို ဒုက္ခပေးနိုင်မဲ့ အကြောင်းဆို ပိုကောင်းလေပဲ"

You've reached the end of published parts.

⏰ Last updated: Aug 01, 2017 ⏰

Add this story to your Library to get notified about new parts!

EGOISM (အတ္တဆန်လွန်းခြင်း)Where stories live. Discover now