ကျွန်မရဲ့ Condo အပေါ်ဆုံးထပ် ၀ရန်တာကနေ Seoul မြို့ရဲ့ ညအလှကို ကျွန်မ ခံစားနေမိတယ်။ ဒီ အလှအပတွေကို ကျွန်မလို လူတစ်ယောက်က ကြည့်နေတာ တန်တောင် တန်ရဲ့လား မသိဘူး။ ကျွန်မလက်ထဲက ဘီယာပုလင်းကို အကုန်မော့ပြီး မောင်းနေတဲ့ကားတွေကို ငေးနေမိတယ်။
ကျွန်မအတွက် ဘ၀ဆိုတာကြီးက ငရဲတစ်ခုပါ။ အဲ့လိုပြောရင် လူတွေက ထူးဆန်းသလို ကြည့်ကြလိမ့်မယ်။ ဒါပေမယ့် ဒါက အမှန်တရားပါ။ ကျွန်မဘ၀ကို လူတွေက အားကျကြတယ်။ ကျွန်မ ခံစားနေရတဲ့ ၀ဋ်တွေကိုတော့ သူတို့ မမြင်ကြဘူး။ သူတို့ မြင်နေတဲ့ ဟန်ဆောင်မျက်နှာဖုံးအောက်မှာ ဘ၀ကို အရှုံးပေးချင်နေတဲ့ လူငယ်တစ်ယောက် ရှိနေတယ်။
"မမလေး...." Nari ခေါ်သံကြောင့် ကျွန်မအတွေးတွေထဲက လန့်နိုးခဲ့ရတယ်။
"မမလေး အောက်မှာ ကားရောက်နေပါပြီ။"
"အော်... အေး အေး... Nari ရော Lina ကော အိပ်နှင့်တော့နော်။ ကိုယ် ဒီနေ့ပြန်မလာဖြစ်လောက်ဘူး။"
"မမလေးကလည်း ဖြစ်... ဖြစ်ပါ့မလား... မနက်ကျရင် Soo Jung တို့ လာမှာလေ။"
"သူတို့ အင်္ကျီတွေက ပြီးသွားပြီ။ Lina ကို မေးလိုက်။ သူ့ကို ပြောထားပြီးသား။"
ကျွန်မ Nari လက်ထဲက အင်္ကျီကို အပေါ်မှ ၀တ်လိုက်ပြီး အောက်ကို ဆင်းလာခဲ့တယ်။ Nari ကတော့ ထုံးစံအတိုင်း နောက်ကနေ လိုက်စိတ်ပူပေးပါတယ်။
ကျွန်မဆက်အသက်ရှင်ပေးနေရတယ့် အကြောင်းအရင်းက သူ့တို့ကြောင့်လည်း ပါပါတယ်။ ကျွန်မကို အမြဲ လိုက်စိတ်ပူပေးတတ်တဲ့ ကျွန်မရဲ့ assistant နှစ်ယောက်။ ဒီလောကကြီးတည်းမှာ ကျွန်မ စိတ်ရင်းအမှန်နဲ့ ဆက်ဆံတဲ့ လူနှစ်ယောက်။
"ပြီးတော့ မနက်ဖြန်က..."
"ံHan Nari... ဒီနေ့လေးတော့ ကိုယ် ပျော်ချင်တယ်ကွာ။"
ကျွန်မရဲ့ ဒေါသနည်းနည်းပါသွားတဲ့ အသံကြောင့် Nari ငြိမ်ကျသွားတယ်။ ကျွန်မ စိတ်မကောင်းပေမယ့် သူ့ကို ဒီလိုပိတ်မှ ဖြစ်တော့မှာကို။
"အင်းပါ... ဂရုစိုက်နော် မမလေး"
ကျွန်မခေါင်းငြိတ်ပြလိုက်ပြီး ကျွန်မရဲ့ ပြိုင်ကားကို မောင်းကုန်တင်ခဲ့မိတယ်။
YOU ARE READING
SINNERS
Fanfiction"အမ်... ပြီးတော့ သူတို့က ပြောသေးတယ်။ ချစ်ရတဲ့လူနဲ့ ဝေးနေရတာ ဒုက္ခတဲ့။ ငါ့အတွက်ကတော့ ချစ်ရတဲ့လူနဲ့ တူတူရှိနေရတာက ဒုက္ခပဲ။ ဘာလို့လဲဆို သူနဲ့ပဲ အမြဲ တူတူရှိချင်တယ်။ သူနဲ့ပဲ အချိန်တွေ ဖြုန်းချင်တယ်။ သူနဲ့ပဲ တစ်သက်လုံးနေချင်တယ်။ ဒါပေမယ့် အဲ့အရာတွေက မဖြစ်နိ...