◽INTRO ◽

1.1K 82 15
                                    

                      
◽◽◽◽◽◽◽◽◽◽◽◽◽

💮You with him and our love 💮

နန်းတော်ကဲ့သို့ ကြီးကျယ်ခမ်းနားလှသည့် Park အိမ်တော် အတွင်းရှိ ဧည့်ခန်းထဲက ဆိုဖာအကြီး တစ်ခုပေါ်တွင် ခြေချိတ် ထိုင်ကာ... အရှေ့မှန်စားပွဲ ထက်က ဝိုင်ပုလင်းကို မျက်လုံးမှေးစင်းကာ ကြည့်နေသည့် Park အိမ်တော်ရဲ့ သခင်ကြီး သို့မဟုတ်. Phoenix ဟူသည့် နာမည်ကြီး လူသိများသည့် ဂိုဏ်းရဲ့ အရှင်သခင် ဖြစ်သည့်  ...Park Chanyeol...
အမြဲတမ်း အေးတိအေးစက် စွာနေထိုင်တတ်သည့်. သူ့ကြောင့် လူအများက ရှိန်ကြသည်။ သို့သော် သူ၏ စည်းစိမ်ပိုင်ဆိုင်မှုတွေကို မက်မောကြသည့် မိန်းမတွေကတော့ တနည်းမဟုတ် တနည်းဖြင့် အနားကို ချည်းကပ်လာကြသည်။
သူ့မှာ တစ်ဦးတည်းသော ညီမလေး Park Luhanie လောက် ဘယ်သူ့ကိုမှ အရေးမပေးခဲ့.. အချိန်တစ်ခု မရောက်ခင် အထိပေါ့....

Man ' Boss အိမ်ရှေ့မှာ Byun Minho က Boss နဲ့ တွေ့ချင်တယ်လို့ ပြော....

Chan' ဝင်လာခိုင်းလိုက်...

တပည့်ဖြစ်သူဆီက အပြောမဆုံးသေးခင်မှာ Byun Minho ဆိုသည့် လူကိုအိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။မိန်းမ ဖြစ်သူရဲ့ ဆေးရုံစရိတ် ကြောင့် မိမိဆီက ငွေချေးယူသွားသည်မှာ ပမာဏ အနည်းငယ်တော့မဟုတ်...

Minho ' Park Chanyeol Shi

Chanyeol တွေးနေတုန်း ဧည့်ခန်းထဲသို့ ဝင်လာသည့် Byun Minho ဆိုသည့် လူနှင့် အတူ အထက်တန်း ကျောင်းသား ဝတ်စုံလေးနှင့် နုဖတ်နေသည့်.. ကောင်လေးတစ်ယောက်....

Chan' မတွေ့ရတာ ကြာပြီနော် Byun Minho shi. ခများမိန်းမ ကောသတ်သာလာပြီလား...

Minho 'ဟုတ်ကဲ့ သတ်သာလာပါပြီ.. ဒါပေမဲ့ အခြေအနေက စောင့်ကြည့် ရဦးမယ် ဆိုတော့.. ဟို...ဟို...

Byun Minho က ရှေ့ဆက်မပြောပဲ တစ်ခုခုကို စိုးရိမ်နေတာကြောင့် ရိပ်မိသွားသည့် Chanyeol ကတစ်ချက်ရယ်လိုက်ပြီး...

Chan ' hkk. ဆက်ပြောလေ Byun Minho shi

Chanyeol ပြောကာ Minho နောက်က ခေါင်းငုံ့ပြီး ကြုံ့ကြုံ့လေးထိုင်နေသည့် ထိုအထက်တန်း ကျောင်းသားလေးကို ကြည့်လိုက်ကာ ပါးချိုင့်လေး ခွက်ဝင်သွားသည်အထိ နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။မိမိဆီက  အကြွေးတင် ထားသည့် Byun Minho ရဲ့ မိသားစု အကြောင်းကို စုံစမ်းခိုင်း ထားတာကြောင့် ဤကျောင်းသားလေးက Byun Minho၏ တစ်ဦးတည်းသော သားလေးမှန်းသိနေသည်။ သို့သော် ဤလောက်ထိ ချစ်ဖို့ကောင်းမည်လို့ မတွေးမိတာအမှန်ပင်.
အညိုရောင်ဆံပင်လေးနှင့် ဖြူဝင်းလှသည့် အသားအရေလေးတွေက လိုက်ဖက်စွာ...လက်ချောင်းသွယ်သွယ်လေး နှစ်ဖက်ကို ကျစ်ကျစ်ကိုင်ထားသောကြောင့်... လက်ချောင်းထိပ်လေးတွေနှင့် လက်သည်းခွံကလေးတွေဟာ ပန်းရောင်သန်းနေသည်။ခေါင်းငုံ့ထားတာကြောင့် မျက်နှာ တစ်ခုလုံးကို မမြင်ရပေမဲ့ ပုတ်ခတ်ပုတ်ခတ်နှင့် လှုပ်ရှားနေသည့်.. ကော့စင်းသော မျက်တောင်လေး တစ်စုံကိုတော့ ရှင်းလင်းစွာ မြင်နေရသည်။

you with him AND our loveWhere stories live. Discover now