◽1◽

667 70 13
                                    

                           
💮You with him and our love 💮

◽◽◽◽◽◽◽◽◽◽◽◽◽◽◽◽◽◽◽◽◽◽

3 years later....

Airport ထဲမှ နေကာ မျက်မှန်နှင့် ခရီးဆောင် အိတ် တစ်လုံးကို ဆွဲပြီးထွက်လာသည့် ကောင်မလေး တစ်ယောက်.
ရွှေအိုရောင် ဆံပင်လေးတွေက လေအတိုက်မှာ လွှင့်နေကြပြီးဖြူဖွေး နုနယ်သည့် အသားအရေ ကို ပိုင်ဆိုင်ထားသည့် ကောင်မလေးတစ်ယောက်... လက်မှာ ပတ်ထားသည့် Rolex နာရီလေးကို ကြည့်ရင်း တပ်ထားသည့် မျက်မှန်လေးကို ချွတ်လိုက်တော့... ပေါ်လာသည့် သမင်မျက်ဝန်းလေး တစ်စုံ....

Girl' Taxi နဲ့ပဲ ပြန်လိုက်တော့မယ်. အိမ်ရောက်မှ oppa ကို surprise လုပ်ရမယ်...

သူမ.အဲ့လိုပြောပြီး Taxi တစ်စီးကို ဌားလိုက်သည် ။

သူမဆိုသည်မှာ... Phoenix ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူPark Chanyeol ၏ တစ်ဦးတည်းသော သွေးသားတော်စပ်သည့် ညီးမလေး Park Luhanie ပင်...

လွန်ခဲ့သည့် ၅ နှစ်လောက်ကတည်းက LA ကို ကျောင်းသွားတက်နေတာကြောင့်. အကိုဖြစ်သူနှင့် အဆက်အသွယ် တော့လုပ်ခဲ့ပေမဲ့ Korea ကို မပြန်ဖြစ်ခဲ့.. ထို့ကြောင့် ပြန်လာမည့် ကိစ္စကို အကို ဖြစ်သူကို အသိမပေးပဲ.. အံ့သြ သွားအောင် surprise လုပ်ဖို့ စဉ်းစားထားသည်။...

◽◽◽◽◽◽◽◽◽◽◽◽◽

Chan ' ကလေးပြီးသွားပြီလား...

Baek ' ဟုတ်. ပြီးပြီ"ဦး " ...

Chanyeol အိမ်အပေါ်ထပ်ကနေ ဆင်းလာသည့် အဖြူရောင်နတ်သားငယ်လေးကို ပြုံးရင်းသာ ငေးကြည့်နေမိသည်။  လွန်ခဲ့သည့် သုံးနှစ်တုန်းကနဲ့ မတူ.. ပြောင်းလဲသွားခဲ့သည့် ကလေးငယ်လေး..ဒီကို စရောက်ခါစက ဆိုရင် အမြဲတမ်းတမိုင်မိုင် တတွေတွေနဲ့ နေတတ်သည့် ကောင်ငယ်လေး... အသက်၏ အပိုင်းအခြားကြောင့် သခင်ကြီး .သခင်ကြီးနဲ့ ခေါ်တတ်သည့် ကောင်ငယ်လေးကြောင့်.. chanyeol ကပဲ အသုံးအနှုန်းတွေကို ပြောင်းခေါ်ခိုင်းတော့.. ထို ခလေးငယ်ကသူ့ထက် ၁၆ နှစ်သာကြီးသည့် chanyeol ကို "ဦး" ဟု ခေါ်ခြင်းဖြစ်သည်။ သို့သော် ကလေးငယ်၏ နှုတ်ဖျား မှ ထွက်လာသည့် "ဦး"ဆိုသည့် နာမ်စားကို ကြားရတိုင်း chanyeol ရင်ခုန်ရမြဲပင်...
ညီမလေးဖြစ်သူကလွဲပြီး မည်သူ့ကိုမှ အရေးမလုပ်တတ်သည့် Park Chanyeol သည် ..ဒီကလေးနှင့် တွေ့မှ.. နူးညံ့တတ်နေပြီ...   သူ့ဘက်ကသာ. ကလေးငယ်အပေါ်ကို လွန်စွာ ချစ်ခဲ့ပေမဲ့...ထိုကောင်ငယ်လေးကတော့... သူ့ကို အထက်လူကြီး တစ်ယောက်.အကိုတစ်ယောက်လို .  ချစ်ခင်လေးစားတာထက် မပိုဘူးဆိုတာ ကို သူကောင်းကောင်းသိပါသည်။
သို့သော်လည်း ကလေးလေးကို ရူးမိုက်စွာ ချစ်နေပါရစေ...

you with him AND our loveWhere stories live. Discover now