'ကံကြမ္မာဆိုတာချိုတစ်လှည့်ခါးတစ်လှည့်'
ကျွန်တော်အမုန်းဆုံးစကား
အခြားသူများအတွက်သာမှန်လိမ့်မည်။
ကျွန်တော်ဆိုတဲ့
Byun..မဟုတ်
Park Baekhyunအတွက်
အခါးများသာသက်ရှိထင်ရှားရှိနေရက်နှင့်ထားသွားရက်သည့်..
မဟုတ်ပါ.
စွန့်ပစ်သွားသည့်မိဘနှစ်ပါးစောင့်ရှောက်ပါ့မယ်ဆိုပီးကတိကဝတ်ပေးပြီးမှ
မိဘမဲ့ကျောင်းကိုဆိုက်ဆိုက်မြိုက်မြိုက်ပို့ပေးသည့်
ဆွေမျိုးတစ်သိုက်အဖတ်မလုပ်ပဲဘေးပို့ကြသော
သူငယ်ချင်းများမိုးလိုက်ရွာနေသောကျွန်တော့်ဘဝအတွက်
မုန်တိုင်းပါထန်လာသည်။မွေးစားပါစေဆုတောင်းမိသောကျွန်တော့်ကိုကျွန်တော်
မုန်းသည်။အဖြည့်ခံဖြစ်ဖို့မွေးဖွားလာသောကျွန်တော်သည်
မိသားစုတစ်စု၏တစ်ဦးတည်းသောသားထံ
ဘာမှန်းမသိသောသူ
ဖြစ်လာခဲ့သည်။အဲ့မိသားစုကပြောတာတော့'အဖော်'တဲ့။
ဘယ်လို'အဖော်'
'ကစားဖော်'လား??
မဟုတ်ပါ။
သူသည်ကျွန်တော့ကိုကစားဖော်အဖြစ်ဘယ်တော့မှ
သဘောမထားပါ။
ငယ်လေးတည်းကသူ့ထက်၃နှစ်ငယ်တဲ့ကျွန်တော်ဟာ
သူမကစားချင်သောroleတွင်ဝင်ကစားရသူ..
သူမောလာရင်ကျွန်တော်ကပိုမောရင်တောင်
သူ့ကိုယပ်ခပ်ရသူ..
ဒါဆိုကျွန်တော်က'ခိုင်းဖော်'လား??
မဟုတ်ရပါ။သူဘယ်တော့ကျွန်တော့ကိုဘာမှမခိုင်းဖူးပါ။
သူများခိုင်းရင်တောင်ဆူတတ်တဲ့သူ...ကျွန်တော့်ကသူ့အတွက်ဘာလည်း??
'ကပ်ပါးကောင်'
ကိုယ့်ကိုယ်ကိုပေးထားသည့်nickname..ဟုတ်ပါသည်။
သူ့နောက်ကကျွန်တော်အမြဲလိုက်ရသည်။
သူဘာပဲလုပ်လုပ်..
သူဘယ်ပဲသွားသွား...
နောက်ဆုံးသူ့ရည်းစားနဲ့သွားချိန်းရင်တောင်..
အနောက်ကအိတ်ထမ်းအဖြစ်လိုက်ရသည်။သူ့အပြုံး..
တစ်ခါမှမမြင်ဖူးပါ..
ရည်းစားရှေ့မှာတောင်တည်တံနေသူ..ချစ်သူ...
သူပြောတာတော့သူ့မှာချစ်သူမရှိပါတဲ့..
ရည်းစားဆိုတာချစ်သူမဟုတ်ပါတဲ့..
သူဟာတစ်ခါတစ်လေဒီလိုကိုယ်ပိုင်
ဒသနတေလည်းထုတ်တတ်သည်။
ရယ်ရသည်နော်..
သို့သော် သူ့ရှေ့မှာသွားရယ်ရင်တော့
အပြစ်ပေးခံရမည်မှာကြိမ်းသေ..
သူ့မှာချစ်သူမရှိတာကျွန်တော်ပျော်သည်။ကျွန်တော့်သူ့ကိုမချစ်ပါ..
သူ့ကိုလည်းချစ်သူမရှိစေချင်ပါ..
အတ္တပဲဖြစ်မှာပါ.
ကျွန်တော်ဟာသူ့အတွက်ဘာမှန်းမသိသူပါ..Te Te⏰⏰ Te Te
နှိုးဆက်သံကြောင့်နိုးထလာသောကျွန်တော်
လက်မောင်းပေါ်ကနာကျင်မှုကြောင့်
ကြည့်လိုက်သော
ကျွန်တော့်လက်မောင်းပေါ်ခေါင်းအုံးကာ
ကျွန်တော်ထက်လှည့်ပီးကွေးကွေးလေးအိပ်နေသောသူ..ကျွန်တော်အကြည်နူးဆုံးအချိန်သည်ဤအချိန်ဖစ်သည်။
အိပ်နေမှပြုံးယောင်သန်းနေသောသူ့နှုတ်ခမ်း..
ကားနေသောနားရွက်လေး..
ကျွန်တော်ပေးတဲ့nicknameကyoda..
ကျွန်တော်၏ဂြိုလ်သားလေး..
မှိတ်ထားသည့်သူ့ရဲ့မျက်ခွံမို့မို့..
ကျွန်တော်မနာလိုအဖြစ်ဆုံး..
သူ့ရဲ့အရပ်..
လောရှည်ကြီးကကျွန်တော်ခုတင်မှာမဆန့်ဘူးလေ..
အဲ့တော့လည်းဒူးလေးကွေးပီးအိပ်နေတာ..😜ဖြစ်နိုင်ရင်ဒီအချိန်ကိုရပ်တန့်ထားချင်သည်..
ကျွန်တော်သူ့ကိုမချစ်ပါ......
~~~~~~~~
😘😘စတော့ရေးလိုက်ပီ
ကြိုက်ကြပါစေ🙏🙏🙏Sarahaeyeo😘😘😘
ဖတ်ပေးကြနော်
Baekလေးကမချစ်ပါဘူး😜😜
__
YOU ARE READING
If We Love Again
Poetryမြတ်နိုးမိတယ်သူ့ရဲ့အကြည့်တွေကို တွယ်တာမိတယ်သူ့ရဲ့နှလုံးသားကို ခုံမင်မိတယ်သူ့ရဲ့အသံတေ ဒါမဲ့သူ့ကိုမချစ်ပါ သူ့ဆီကရခဲ့တာက ဥပေက္ခာ ကျွန်တော်ပေးခဲ့တာက အလေးမထားမှု သူ့ဆီကရခဲ့တာက ရက်စက်မှု ကျွန်တော်ပေးခဲ့တာက ကြမ်းတမ်းမှု သူ့ဆီကရခဲ့တာက နာ...