အဟမ်း ဒီ ficလေးကို ပုံမှန်အတိုင်း Yuriပုံစံလေး ရေးမှာပါ 😁😁 G to G ချင်းက ကိုယ်ဝန်မရနိုင်ဘူးလို့ မတွေးဘဲ Ficအရ ကလေးရသွားတယ်လို့ သဘောထားဖတ်ပေးကြပါနော်
ကျွန်တော် Return Of Supermanကြည့်ပြီး စိတ်ကူးယဉ် ရေးကြည့်တာပါပြီးတော့ Seohyun,Yoonaကို SNSD Member အဖြစ် သဘောမထားဘဲ Kim Taeyeonရဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးတွေ (Kim Yoongie,Kim Hyunnie)အဖြစ် မြင်ယောင်ပြီး ဖတ်ပေးကြပါနော် 😢😢
Red velvet အဖွဲ့က Ireneကိုလည်း Kim Joohyunnie အဖြစ် မြင်ယောင်ပေးကြပါလို့ အနူးအညွတ် တောင်းဆိုချင်ပါတယ်စိတ်ကူးယဉ် ficလေး ဖြစ်တာကြောင့် အမှားပါက ခွင့်လွှတ်ပေးကြပါ 😢😢😢
နောက်ဆုံးတော့ Taeyeonနဲ့ Tiffanyတို့ သူတို့နှစ်ယောက်ရဲ့ Relationshipကို လူအများရှေ့မှာ ထုတ်ဖော်ပြောခဲ့ပါတယ်.......
သူတို့တွေ ချစ်သူဖြစ်တာ ကြာပေမယ့် ဖုံးကွယ်ထားခဲ့ပါတယ်.......ဒါပေမယ့် နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက် အခိုင်အမာချပြီး သူတို့တွေ ချစ်သူဖြစ်နေတာ ကြာပြီဆိုတဲ့အကြောင်း ၀န်ခံသွားခဲ့ပါတယ်.....
SM Entertainment က CEOကိုယ်တိုင် Taeyeon Schedule တွေ မရှိတဲ့ အချိန်မှာ Fanyကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်....နောက် သေချာရင် လက်ထပ်မယ့် ရက်ကို ကြော်ငြာပါမယ် ပြောတဲ့အတွက်ကြောင့် Sone,Locksmith တွေ အားလုံး အံ့သြနေကြ ပျော်နေကြတယ်.......
Taeyeonနဲ့ Tiffany လက်ထပ်ပြီး အချိန်တော်တော်လေး ကြာသွားတာတောင် သူတို့ရဲ့ သတင်းတွေက သတင်းစာ , မဂ္ဂဇင်း , Tvလိုင်းတွေမှာ နေရာယူထားဆဲပါဘဲ.....
ဘာလိုလိုနဲ့ နွေ.....မိုး.....ဆောင်း...ပြောင်းရင်း Taenyတို့ လက်ထပ်ပြီးတာ သုံးနှစ်ကျော်သွားပြီ.......Kim Tripletsလေးတွေ မွေးဖွားလာပြီးနောက် Taeyeonကတော့ နိုင်ငံတကာလှည့်ပြီး Solo concertတွေ ကျင်းပပေမယ့် Fanyကတော့ ကလေးသုံးယောက်ထိန်းရင်း အိမ်မှာ အချိန်ကုန်နေတယ်.......
တစ်နေ့မှာတော့ SM entertainment ထဲကို KBSက အဖွဲ့တွေ ရောက်လာတယ်........ သူတို့ရောက်လာတဲ့ အကြောင်းကို SM CEOကို ပြောပြတော့ သူတို့ရောက်လာတဲ့ အကြောင်းက Tiffanyအတွက် မဟုတ်ဘဲ Taeyeonအတွက် ဖြစ်နေသောကြောင့် CEOမှာ အံ့သြနေ၏
"ဒီ အစီအစဉ်ကို Taeyeon လက်ခံရင်တော့ Tiffany အရင်လို active ဖြစ်နိုင်ပါပြီ......"
CEO ကောက်ချက်ချလိုက်တယ်....