ခလေး ကိုယ်တို့ပြန်ရအောင်နော်
ပခုံးလေးကို အသာဖက်ကာ ခေါင်းလေးငုံ့ ပြောမိတော့ဟာ ကျွန်တော်တို့ ခုမှ ရောက်တာကို။
ခင်ဗျားပြန်ချင် ပြန်နှင့်။
တင်ထားတဲ့လက်ကို ဆွဲဖယ်ကာ ဆိုဖာအစွန်းကို ရွေ့ထိုင်လိုက်တဲ့
ကျနော့် ခလေးလေး Oh Sehun...ကျနော့်ကို ခလေးက ရွဲ့နေတာ။ ကျနော် London မှာ ပညာသွားသင်ရင်း ခင်ခဲ့တဲ့ လန်ဒန်သူ သူငယ်ချင်းမလေးက
ကိုရီးယားကို အလည်လာလို့ ကျနော်တို့တစ်တွေ ဆုံဖို့
ချိန်းလိုက်ကြတာ။
ကျနော်တို့တစ်တွေ ဆိုတာ ကျနော်အပါအဝင် အတူတူ ပညာသွားသင်ဖြစ်တဲ့ Oh Sehun ရဲ့ အမတော်ဖြစ်တဲ့
ငယ်သူငယ်ချင်းမလေး Oh Luhan နဲ့
အတူတူ ကမြင်းဖော် ကမြင်းဖက် Park Chanyeol တို့ပေါ့။သူပါ လိုက်ခဲ့မယ် တဂျီဂျီ ပြောနေတဲ့ ကျနော့်ခလေးကို
သူ့အမတော်က လိုက်ခွင့်မပေးပေမယ့် ကျနော် ခေါင်းငြိမ့်ခွင့်ပြုခဲ့မိတယ်။ ခုတော့ Kim Jongin ရေ
မင်းအပြစ်နဲ့ မင်းပဲ။အစ ပထမ တော့ တက်တက်ကြွကြွနဲ့
ကျနော် ချစ်တဲ့ ဆံပင် ညိုညိုပျော့ပျော့လေးတွေကို သပ်သပ်ရပ်ရပ်
Gel လေးနဲ့ သပီး အိမ်ကို လေတချွန်ချွန်နဲ့ ရောက်လာခဲ့တာ။ကျနော့် သူငယ်ချင်းမလေးနဲ့ တွေ့ပီး နောက်ပိုင်း
club သွားမယ်ဆိုပီး အတင်းပြောပီး ဆွဲခေါ်လာတော့တာပဲ။
ကျနော် သိတာပေါ့ ခလေး ကျနော့်ကို ရွဲ့နေတယ် ဆိုတာ။
ကျနော်တို့ London မှာ club တွေ သွားဖြစ်တယ်ဆိုတာ
သိသွားပီး စိတ်ဆိုးနေတာ။ သုံးယောက်လုံးပိပိရိရိ လိမ်ထားခဲ့တာက
သူငယ်ချင်းမလေး ရောက်လာတော့ ဘူးပေါ်သလို ပေါ်သွားတာကိုး။ကျနော်တို့ကို အတန်တန် မှာထားတဲ့ကြားက သွားလို့ဆိုပီး
ဆန္ဒပြဖို့ အစပျိုးနေပီ ကျနော့်ခလေးက။သိပ်ချစ်ဖို့ကောင်းတဲ့ Oh Luhan ကတော့ သူ့အလုပ်တွေ
မပြတ်သေးလို့ စောစောပြန်နှင့်မယ်ဆိုပီး သူ့မောင်တော်ကို
ပြန်လိုက်ပို့ပေးဖို့ကိုတော့ သေချာမှာပီး လစ်ထွက်သွားလေပီ။
![](https://img.wattpad.com/cover/122460240-288-k172385.jpg)