VII

925 115 11
                                    

တိတ်​ဆိတ်​​နေတဲ့ အ​ခြေအ​နေတစ်​ခုနဲ့ မျက်​နှာချင်းဆိုင်​​နေရတဲ့ လူနှစ်​​ယောက်​ဟာ အမှန်​​တော့ လက်​နှစ်​လုံးခြား​လောက်​နဲ့ ကွာ​ဝေး​နေ​လောက်​သည်​။

တစ်​​ယောက်​က ​ပျော်​ရွှင်​မှုသဲ့သဲ့နှင့်​ ဖြတ်​​ကျော်​လာခဲ့အပြီးမှာ တစ်​ပါးသူက အလိုမကျမှု​တွေ ယှက်​နွယ်​​နေတဲ့ မျက်​နှာထားမျိုးနဲ့ ထိုင်​​နေရတာ...
နီးစပ်​လျက်​နဲ့ ​ဝေးကွာလွန်းတယ်​။

"သိပ်​ကို အရသာရှိလွန်းတယ်​....."

"Pardon?!"

စကားကနဦးအစဟာ မိတ်​ဆက်​ခြင်းမဟုတ်​​သော​ကြောင့်​ တစ်​ဖက်​သားရဲ့ အာရုံကို ​ထွေပြား​စေ​လောက်သော်​ငြား ကြားနိုင်​​လောက်​​အောင်​ သူဖွင့်​မဟခဲ့....

"စာချုပ်​......"

သူ့နှုတ်​က ခပ်​တိုးတိုးဟရုံနဲ့ စားပွဲ​ပေါ်​ရောက်​လာတဲ့ စာအုပ်​​လေး နှစ်​အုပ်​ဟာ အမြင်​အရပါးလွှာ​ပေမဲ့ ထူထဲ​နေလွန်းသည်​။

သူ ဝတ်​ထားတဲ့ suit ​အောက်​က ​ဖောင်​တိန်​ကို အသာဆွဲထုတ်​ပြီး ခပ်​​သော့​သော့လက်​​ရေးမျိုးနဲ့ ​ဒေါ်လာသိန်းချီတဲ့ လက်​မှတ်​တစ်​ခုကို အသက်​သွင်း​ပေးလိုက်​သည်​။

ကြီးမားတဲ့ တစ်​စုံတစ်​ခုအတွက်​.....
တန်​ဖိုးမရှိတဲ့အရာတစ်​ခုကို စ​တေးပစ်​ရတာ....
အ​လောင်းကစားပွဲထက်​​တောင်​ တန်​ပါ​သေးတယ်​....

သူ့နီးတူ လက်​မှတ်​ကို ​ရေးခြစ်​​နေတဲ့ ထို​ယောက်ျားသားက​တော့ အခုအချိန်​မှာ ​ပျော်​ရွှင်​​သွားသည့်​နှယ်​.
ယခင်​လို အ​ရောင်​မစုံ​တော့တဲ့ ဆံနွယ်​​တွေက ​ကော်​ဖီ​ရောင်​ ရင့်​ရင့်​နဲ့ ​တော်​​တော်​​လေးကို သပ်​ရပ်​​နေ​လေရဲ့.
တစ်​ခု​တော့ သူဝန်​ခံပါသည်​။
ထိုလူသားသည်​ တစ်​နှစ်​ထက်​တစ်​နှစ်​​ကျော်​လွန်​လာလျှင်​ ပိုပြီး ရင့်​ကျက်​ကာ ခန့်​ညားမှုဖက်​ကို ဦးတည်​​သော ​ဒေါင်းမျိုးပင်​ဖြစ်​သည်​။
ဤကဲ့သို့ မ​တွေ့ရ​သော နှစ်​အတွင်း၌ ထိုသူ့ ခန့်​ညားမှုများက မြင်​​နေကျ ဓာတ်​ပုံနှင့်​ အ​တော်​​လေးပင်​ ကွာခြား​နေလွန်းသည်​။

In The ShadowWhere stories live. Discover now